Mya Than Lin
Friday, July 5, 2013
မျောလွင့်ရွက်ကြွေ
သက္ကရာဇ်တွေ ရှည်ထွက်မြင့်မားလာတာနဲ့ အမျှ
ငါ့ကိုယ်ပေါ်မှာ အမာရွတ်တွေ
အမဲစက်တွေများများလာပေါ့။
အရေပြားတွေတွံ့ ရှုံ့ 
စမြုံ့ပြန်မရတော့တဲ့
အရုဏ်ရောင်ခြည်နုများ
ဟိုးအဝေးဆီမှာ လွင့်ပြယ်ခဲ့။
မဖိတ်ခေါ်ပဲရောက်လာကြတဲ့
ဧရာအရိပ်တို့ ကြီးစိုးနယ်ချဲ့ ။
လတစ်စင်းပြီးတစ်စင်း
ခရီးနှင်လွန်မြောက်ကာ
အဝေးမှာ နှစ်များရင့်ရော်
အပျော်ရက်စွဲ ဘယ်မလဲ
အေးခဲနေပေါ့။
ငါဟာ ရွက်ကြွေများနဲ့ အတူ
ဖုံထူထူလမ်းမြေတစ်ကြောမှာ
လွင့်မျောခဲ့ပေါ့ကွယ်။ ။
ရေးသားသူ။ ။မြသန်းလင်း
မြသန်းလင်း သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြပါသည်။
ရှေ့ နောက်
နွေရောက်ပေမဲ့ နေမပူ
နေပူပေမဲ့ နွေမဟုတ်။
မိုးရောက်ပေမဲ့ ရေမများ
ရေများပေမဲ့ မိုးမဟုတ်။
ဆောင်းရောက်ပေမဲ့ နှင်းမဝေ
နှင်းဝေပေမဲ့ ဆောင်းမဟုတ်။
ကမောက်ကမ
ကတောက်ကဆဖြစ်
နောက်ကအပြစ်ပြော
အတောမသတ်နိုင်ကြ။ ။
ရေးသားသူ။ ။မြသန်းလင်း
မြသန်းလင်း သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြပါသည်။
အခါလွန် စိုက်ပင်များ
“ဟေ့………..အရွှေ…….အရွှေရေ………….လာပါဦးဟ”
ဦးရန်ပိုင်သည်သူ၏ကိုယ်ခန္တာကြီး ကို
မနိုင်မနင်းသယ်ဆောင်လျှက် တောင်ဝှေးကို အားပြု လျှောက်လှမ်းရာမှ
သူ၏မရီးတော်သူ ဒေါ်ရွှေ ကို လှမ်းခေါ်လိုက်လေသည်။ သူ့ အသံကြားသည်နှင့်
ဒေါ်ရွှေလည်းအိမ်ထဲမှထွက်ကာ ခရီးဦးကြိုပြုလိုက်သည်။
“ဘာများအကြောင်းထူးလို့ လဲတော်၊ ပြောစရာရှိ ကျွန်မကိုလူကြုံနဲ့ မှာလိုက်ရောပေါ့၊ ဒါမှမဟုတ်လဲ ကလေးတစ်ယောက်ယောက်လွှတ်ခေါ်ခိုင်း လိုက်ရင် ရပါတယ်တော်၊ မတော်တဆလမ်းမှာ မူးလဲနေရင်မခက်ပါလား……”
“အို ………….ငါနေရတာ တမျိုးကြီး ဖြစ်လာလို့ ထလာခဲ့တာ”
“ဒါဆိုလဲ ကျွန်မ ဘာလုပ်ပေးရမလဲ ပြော”
“ငါနေလို့ မကောင်းဘူးဟာ၊ ငါ့ကိုနင်တို့  တရားစခန်းဝင်တဲ့ဆီက ဟောတဲ့တရားတွေပြန်ဟောစမ်းပါ”
ဦးရန်ပိုင် က ဒေါ်ရွှေကို အားကိုးတကြီးဖြင့် တရားတောင်းနေသည်။ ဒေါ်ရွှေကလည်း ဘာပြောရမှန်းမသိဖြစ်ကာငိုင်သွား ၏။
“ဒီတရားလေးနာရရင် ငါ စိတ်သက်သာလားလို့ ပါ၊ နင်က တရားစခန်းဖွင့်တိုင်း ၀င်နေတာဆိုတော့ တော်တော် လေးသဘောပေါက်နေရောပေါ့………..”
“သဘောတော့ပေါက်ပါရဲ့ ကိုရန်ပိုင်ရယ်….. ကိုယ်သိတာကို သူများနားလည်အောင် ပြန်မပြောတတ်ဘူးတော့်………….ဒီလို လုပ်ပါ……..ဟိုဘက်နားက
ဦးငြိမ်းမင်းဆီမှာ သွားပြီး တရားဟောခိုင်းပေါ့၊ သူက စာတွေ
ဘာတွေရေးတဲ့သူဆိုတော့ တဘက်သားသဘောပေါက်အောင် ဟောတတ် ပြောတတ်ပါတယ်။ ကျွန်မ
ကိုယ်တိုင်လိုက်ပြောပေးမယ်လေ……… ….”
“အေးပါဟာ…… သူက ငါ့ထက် ငယ်ပေမဲ့ တရားကျတော့ ငါ့ထက်ရှိတယ်။ ညကျမှ သူအားလပ်တဲ့အချိန်လေးအိမ်ကိုခေါ် ခဲ့နော်……….ကျေးဇူးတင်ပါတယ်ဟာ…. ”
ဦးရန်ပိုင်သည် ကားလမ်းမကြီးဘေးအတိုင်း တရွေ့ ရွေ့ လှမ်းကာ သူ့ အိမ်ရှိရာသို့ ပြန်လေ၏။ သူပြန်သွားသည်ကို ဦးငြိမ်းမင်းလှမ်းတွေ့ လေသည်။ လေဖြတ်ထားသဖြင့် အိမ်တွင်း၊ ခြံတွင်းလောက်သာ လေ့ကျင့်လေ့ရှိသော ဦးရန်ပိုင်ကို ကားလမ်းဘေးမှာ တွေ့ ရသဖြင့် ဦးငြိမ်းမင်း အံ့သြ သွားဟန်ရှိသည်။ ဦးရန်ပိုင် သူ့ ဆိုင်ကို ကျော်သွားပြီး ဒေါ်ရွှေရောက်လာသဖြင့်……..
“ဒေါ်ရွှေ…..ဦးရန်ပိုင်လာတာဘာထူး လို့ လဲ………..တခုခုတော့တခုခုပဲ………”
ဒေါ်ရွှေက ပြုံးလိုက်ပြီး…………
“နေရတာတမျိုးကြီးဖြစ်နေလို့ တဲ့ တရားနာချင်လို့ တဲ့ဦးငြိမ်းမင်းရယ်…………ကျွန်မ ကို
ဟောခိုင်းတော့ ကျွန်မက ကိုယ့်အာသာတော့သဘောပေါက် ပါရဲ့ တော်၊
သူများနားလည်အောင် မပြောတတ်ပါဘူး၊ ဒါနဲ့ ကျွန်မလည်းစေတနာနဲ
့ပြောလိုက်မိတယ်၊ ဦးငြိမ်းမင်းကိုဟောခိုင်းပါလို့ ၊ ညဘက်အချိန်ရရင် သူ့ အိမ်သွားပြီး တရားရေလေးတိုက်ကျွေးလိုက်ပါဦး၊ ဦးငြိမ်းမင်း ရယ်………….”
“ဟောပေးရမှာပေါ့ ဒေါ်ရွှေရယ်၊ နာကိုး၊ တောင်းရှစ်၊ သာထုတစ်၊ ဟောလစ်အသင်္ချေ ဆို မို့ လားဗျာ။ တရားနာချင်လို့  လိုလိုလားလား တရားလာတောင်းသူ ရှိလို့ ကတော့ မထတမ်းဟောတယ်…….”
“ကျေးဇူးတင်လိုက်တာဦးငြိမ်းမင်းရယ်………သူ
နောက်လာပြီး တရားဟောဖို့ ပြောတော့ ကျွန်မလည်းမပြောတတ်၊ မဟောတတ်၊
ရိပ်သာသွားဖို့ ကလည်း သူကမသန်စွမ်းတော့ဘူးမို့ လား၊ ဗြုန်းကနဲ
ဘာလုပ်ရမှန်းမသိဘူး။ ပြီးမှ ဦးငြိမ်းမင်းကို သတိရတာနဲ့ သူ့ ကိုတောင်မှ
ပြောလိုက်ပြီးပြီ။ ဦးငြိမ်းမင်း အားလပ်တဲ့အချိန်လေး
သွားဟောပြောလိုက်ပါဦးရှင်…..”
“ရပါတယ်………..ဒီလိုမျိုးသူ့ စိတ်ကိုက လိုလိုလားလား ဖြစ်လာတာကိုပဲ ကျွန်တော် ၀မ်းသာတယ်၊ ကျွန်တော် သိသလောက် တတ်သလောက်တော့ ဟောပြောရမှာပေါ့၊ ဘာမှမပူနဲ့ ………..”
“ဒါဆို ညဘက်အားရင် သွားလိုက်တော့နော်၊ ကျွန်မက မြေးတွေနဲ့ အလုပ်ရှုပ်လို့ ကို အားမှာ မဟုတ်ဘူး………….”
“ဟုတ်ကဲ့ပါ၊ ဒေါ်ရွှေကိုလည်း သတိပေးရဦးမယ်၊ ဆရာတော်ကြီး ဟောသလို သေကံနီးတွေက သေကံဝေးတွေအတွက် အလုပ်ရှုပ်မနေနဲ့ ဦး။ မှတ်မိသေးလား။ အခွေတောင် ဖွင့်တာ ဆယ်ကြိမ်ထက်မနည်းတော့ဘူးနော်။ ဥပမာလေးက ထိတယ်ဗျာ။ ရေနစ်ဖို့ လည်ပင်းထိရောက်နေတဲ့ သေကံနီးတွေက(လူကြီးတွေ)၊ ကုန်းပေါ်မှာ ဆော့ကစားနေတဲ့ ကလေးတွေ(သေကံဝေးတွေ) အတွက်ပူနေကြတာ ဘယ်လောက်အရူးပိုလဲ ဆိုတာလေ”
“ဟုတ်ကဲ့ မှတ်မိပြီ၊ အဲဒါပြောတာပေါ့၊ ကျွန်မတို့ က နာတုန်းပဲ၊ ပြီးရင်မေ့ရော၊ သူများကိုပြန်မပြောပြတတ်ဘူး။ ကဲ ညကျရင်သာ ဆက်ဆက်သွားလိုက်ပါဦးရှင်………”
“စိတ်ချ………….စိတ်ချ”
ဒေါ်ရွှေ ထွက်သွားသောအခါ ဦးငြိမ်းမင်း သက်ပြင်းတစ်ချက် မှုတ်ထုတ်မိ၏။ မိုးလွန်မှ ထွန်ချမည့် ဦးရန်ပိုင်အတွက် စပါးပင်တွေ ရှင်သန် သီးပွင့်ဖို့ ရာနှုန်းနည်းလှပါသည်။ သို့် သော်..စစ်မရောက်ခင် မြားကုန်နေလို့ လဲမဖြစ်။ အစွမ်းကုန်ကြိုးစားကြည့်ရဦးမည် ဟု စိတ်ကို ဆုံးဖြတ်လိုက်ပါ၏။
ညဘက် ဦးရန်ပိုင် အိမ်မရောက်မီ လမ်းမှာ မိုးကုတ်ဝိပဿနာရိပ်သာတွင် တရားဝင်လေ့ရှိသော ဦးသာဝင်း နှင့်တွေ့ ၏။ တွေ့ ခိုက် ဆုံခိုက် လက်ဖက်ရည်ဆိုင် ထိုင်ရအောင် ဆိုသည်နှင့် အောင်သီတာကဖီး မှာ ခေတ္တခဏထိုင်ကြသည်။
“ခု….ဘယ်သွားမှာလဲ…….ထမင်းကောစားပြီးပြီလား”
ဦးသာဝင်း အမေးကို မဖြေသေးပဲ….လက်ဖက်ရည်ခွက်ကို ကောက်ကိုင်မိသည်။ တငုံမျှ ငုံပြီးမှ……..
“ဦးရန်ပိုင် အိမ်သွားမလို့ ဗျ” ဟုအစချီကာ မနက်ကအကြောင်းလေးကို ပြန်ပြောလိုက်၏။
“လွယ်ပါ့မလား ဦးငြိမ်းမင်းရာ……….အဲဒါနဲ့ ပတ်သတ်ပြီးကျွန်တော့်မှာ အတွေ့ အကြုံ ရှိထားတယ်”
ဦးသာဝင်းစကားကြောင့်………..
“ဘယ်လို အတွေ့ အကြုံလဲဗျ” ဟုဦးငြိမ်းမင်း မေးလိုက်သည်။
“ဒီလိုဗျာ” ဟုအစချီကာသူ တွေ့ ကြုံသမျှတို့ ကို ပြောပါလေတော့သည်။
“ဒီမိုးကုတ်ရိပ်သာ ဖွင့်စကပေါ့ဗျာ၊ အဲဒီ ဦးရန်ပိုင်ရဲ့ ယောက္ခမတွေလေ……. ဦးဘိုဟိန်းတို့ ပေါ့။ အဖိုးကြီးကော အဖွားကြီးကောပေါ့ဗျာ။ တချိန်က ထမင်းဆိုင်ဖွင့်ပြီး တော်တော် ချမ်းသာကြတာကလား။ သမီးသုံးယောက် အရွယ်ရောက်ချိန် အပြင်အဆင်လေးတွေလဲ တတ်ကြတော့ဗျာ သူတို့ ဆိုင်မှာ ကာလသားတွေ တိုးမပေါက်ဘူး။ ငွေကိုမလိုချင်အဆုံးပဲ။ အစားအသောက်ကလဲ ထမင်းအပြင် လက်ဖက်ရည်ဆိုင်နဲ့ ပတ်သက်သမျှ အကုန်ရ။ အဲဒီတော့အဝေးပြေးကုန်ကားတွေအပြင်
ပြင်ပခရီးသည်တွေရော ရွာခံတွေရော အဲဒီဆိုင်မှာ တိုးမပေါက်ဘူးဗျို့ ။
နောက်တော့ သားသမီးတွေလဲ မဆိုးပါဘူး၊ လင်ကောင်းသားကောင်းတွေ ရကုန်ကြတယ်။
သူတို့ လဲ သားသမီးတွေကို လုပ်ငန်း အထိုင်ချပေးပြီး အေးအေးလူလူ
နားနေတာပေါ့လေ။ မြို့ လေးမှာ မျက်နှာဖုန်းဖြစ်နေတော့ ရပ်ရေး၊ ရွာရေးနဲ
့အချိန်ကုန်ခဲ့တာပေါ့လေ။ ဒီလိုနဲ့ အသက်တွေကလည်း ကြီးလာ၊ ကိုယ့်အတွက်က ဘာမှ
မလုပ်ရသေးဘူး………..”
ဦးသာဝင်းက ရေနွေးတငုံ ငုံလိုက်ပြီး
“သူတို့ ကျွေးမွေး ပြုစုခဲ့တဲ့ ကလေးတွေက လူကြီးတွေဖြစ်လာတော့ မိုးကုတ်ဝိပဿနာရိပ်သာရဲ့ အကျိုးဆောင်တွေထဲမှာ ပါလာကြတယ်။ ဒါနဲ့ မိုးကုတ်ရိပ်သာစ အဖွင့်မှာပဲ သူတို့ က အဖိုးကြီး အဖွားကြီး ကို ဆိုက်ကားခ အကုန်ခံ ရိပ်သာမှာလိုအပ်သမျှ စရိတ်စကတွေ အကုန်ခံပြီး ခေါ်ကြတယ်။ ရိပ်သာမှာ ရက်အပြည့်မဟုတ်ဘူး။ အချိန်ပိုင်းလေး တရားနာ တရားထိုင်ဖို့ ဖိတ်ခေါ်တာပါ”
“တော်ကြသားပဲ…………သာဓု……..သာဓု”
ဦးငြိမ်းမင်း စကားဝင်ထောက်သည်။
“ဒါပေမဲ့ ဗျာ၊ သူတို့ စေတနာက ဝေဒနာဖြစ်ဆိုသလိုမျိုးပေါ့”
“ဘယ်လိုကြောင့်လဲဗျာ၊ ဒီလောက်ကောင်းတာကို”
“ကောင်းတော့ကောင်းပါရဲ့ ဗျာ၊ ရေလေးတောင် မမြိုချနိုင်တဲ့ လူနာကို ဆီဦးထောပတ်တွေ ခွံ့ ကျွေးသလိုမျိုးပေါ့၊ ဘယ်မှာစားနိုင်တော့မှာလဲ……….”
“ဟုတ်လား”
“တရားဟောတော့လဲ နားထိုင်းနေလို့  မကြားရလို့  ပဋိစ္စ သမုပ္ပာတ် စက်ဝိုင်းနဲ့ ရှင်းပြတော့လည်း မျက်စိမှုန်လို့ မမြင်ရ၊ ကြာတော့စိတ်ပျက်တာပေါ့။ အဲ့ဒါနဲ့ သူတို့ ကပဲ လူလေးတို့ ရယ် မင်းတို့ စေတနာကို အဘတို့ တန်ဖိုးထားပါတယ်။ ဒါပေမဲ့ အဘတို့ မှာ မကြားရ၊ မမြင်ရလို့ စိတ်ဆင်းရဲရတယ်။ အလုပ်လဲရှုပ်တယ်။ နောက်မခေါ်ကြပါတော့နဲ့  လို့ ပြောပြီးရိပ်သာနဲ့ ဝေးလို့ မြေးလေးတွေပဲ ချီလို့ နေတော့တာပေါ့ဗျာ……….”
“ဟာဗျာ…..အခွင့်ကောင်းတွေ ဆုံးရှုံးကုန်ပြီပေါ့၊ အေးလေ ဒါကြောင့် အချိန်ရှိခိုက် လုံလစိုက် ဆိုတာ အဲဒါပြောတာပေါ့။ မိုးလွန်မှထွန်ချတော့လဲ အပင်မလှအသီးမရတော့ဘူးပေါ့ဗျာ……”
သူတို့ နှစ်ဦးစလုံး စိတ်မကောင်းစွာဖြင့် ငြိမ်နေမိကြတော့သည်။
အင်းတကော် ကားဂိတ်ကလေးမှာ ကားများစည်ကားလျက်ရှိသည်။ ညဦးပိုင်းလေးမို့ ရောင်းဝယ်ဖောက်ကားသူများလည်း လှုပ်လှုပ်ရှားရှား သွားသွားလာလာ။
ဦးငြိမ်းမင်းသည် ရန်ကုန်သို့ ပြောင်းရွှေ့ နေထိုင်ပြီးမှ သူ့ မိသားစုကို အင်းတကော်ပြန်ပို့ ကာ ရန်ကုန်မှာ တစ်ယောက်တည်းရုန်းကန်နေထိုင်သြူ ဖစ်၏။
သူ့ သားများကို လက်မှုပညာအမွေပေးရန် အင်းတကော်မှာ ခေတ္တမျှ
ပြန်လည်နေထိုင်ခြင်းဖြစ်၏။ အင်းတကော်သည် ယခင်ကလိုမဟုတ်၊
အားလုံးပြောင်းလဲလျက် မြို့ ကြီးများစတိုင်ဖမ်းလျက်ရှိ၏။ ပတ်ဝန်းကျင်ကို
ငေးနေရာမှ
“ဦးသာဝင်း တောင်ကြီးကွဲကို ပြန်မှာလား……….”
မေးလိုက်၏။ ဦးသာဝင်းက ခေါင်းညိတ်ဖြေပြီး “ကဲ……….ခင်ဗျားလဲသွားလိုက်ဦး၊ ကျွန်တော်ပြောတာနဲ့ စိတ်ဓါတ်ကျမသွားပါနဲ့ ဦး” ဟုပြောလေသည်။
“သူကတော့ လေဖြတ်ထားလို့ သိပ်မသန်ပေမဲ့ နားတို့ မျက်စိတို့ က ကောင်းပါသေးတယ်
ဒါပေမဲ့ ညဏ်မျက်စိ၊ ညဏ်နားဝေးရင်မလွယ်ဘူးနော်၊ စိတ်ပျက်အောင် ပြောတာမဟုတ်ဘူး၊ ကြိုးစားကြည့်ဦးပေါ့”
လူချင်းခွဲပြီး ဦးငြိမ်းမင်းက ဦးရန်ပိုင်အိမ်ဘက် ထွက်လာခဲ့ပါသည်။
ရန်ကုန်ပြန်ရောက်သောရက်မှာ သူ့ မိတ်ဆွေ ဆရာကိုကျောက်ခဲ ခေါ် ဆရာကိုကျော်လင်း နှင့်ဆုံဖြစ်သည်။
“အစ်ကိုငြိမ်းမင်းကြီးရေ…….ကျွန်တော့်ကို ကူညီပါဦးဗျာ၊ ခင်ဗျားနဲ့ မှ အမေနဲ့ ဖြစ်မှာ”
“ဘာလဲဗျ၊ ခင်ဗျားအမေ ဘာဖြစ်ပြန်ပြီလ”ဲ
“အမေလေဖြစ်သွားပြီဗျ၊ အိမ်မှာ ငိုငိုနေတယ်ဗျာ၊ ခင်ဗျားလာပြီး တရားဟောစမ်းပါဦး”
“ဟာ…….ဖြစ်မှဖြစ်ရလေဗျာ၊ ဒါဆို ကျွန်တော်လာကြည့်ပါဦးမယ်။ စိတ်မကောင်းဘူးဗျာ”
ဤသို့ ဖြင့် အားလပ်ချိန် ရသည်နှင့် ကျောင်းဆရာကိုကျော်လင်း အိမ်သွားကာ သူ့ မိခင်ကြီးနှင့် သင့်လျော်မည့်စကား၊ ကိုက်ညီမည့်တရား တို့ ကိုဟောပြောရလေသည်။
အစပိုင်းတွင် သူ့ အလုပ်နှင့်သူ ရှုပ်နေကြသော သားသမီးများနှင့် စကားပြောနေခွင့် မရှိသဖြင့် ဦးငြိမ်းမင်း နှင့်စကားပြော တရားဟောသည်ကို သူနှစ်လို၏။
နောက်ပိုင်းတွင်မူ သူကိုယ်တိုင်က
“လူလေးရယ်…..မောင်ငြိမ်းမင်းရယ် ၊
အဒေါ်ကငယ်ငယ်ကတည်းက တရားမလိုက်စားခဲ့တော့ တရားနဲ့ ဝေးတယ်ကွဲ့ ၊
လိုက်မမီတော့ဘူး၊ မင်းလဲ မအားလပ်တဲ့ကြားက လာရတာအားနာတယ်၊ အဒေါ့် ဘ၀နဲ့ ပဲ
အဒေါ် ရှိပါစေတော့” ဟုစိတ်လျော့စကားဆိုပါတော့သည်။ “ဘာမှလုပ်မရဘူး”
ဆိုသောခေတ်စကား က ရုပ်လုံးပေါ်လာပါတော့သည်။
အင်းတကော် ရောက်သောအခါ ဦးရန်ပိုင် ဆီဝင်လျှင်လည်း ဦးရန်ပိုင်က ဆီး၍ပြောပြန်ပါသည်။
“ကိုငြိမ်းမင်းရယ်…..တကယ်တမ်းကျ တော့
တရားလိုက်စားရတာ မလွယ်ပါဘူးဗျာ၊ ကျွန်တော်တို့ က ခုမှ စရတာဆိုတော့
ခက်တယ်ဗျ၊ ဟိုရက်ကတော့ ကိုငြိမ်းမင်း တရားနာနေရတာရောဂါ သက်သာသလို၊
စိတ်ပြေလက်ပျောက်လည်း ဖြစ်တယ်၊ ခုတော့ ခင်ဗျား ကို အားနာတယ်၊ ကျွန်တော်လည်း
စိတ်မပါတော့ဘူး၊ သားသမီးတွေနဲ့ မြေးတွေနဲ့ ပဲ စိတ်ကို ဖြေရတော့မှာပဲ”
ကုသိုလ်ရေးမို့ သာ အချိန်လုပြီး သူတို့ ဆီ သွားနေရပေမယ့် ဦးငြိမ်းမင်းမှာ ၀မ်းရေးအပြင် ၀ါသနာရေးကလည်း ရှိသေးလေရာ မအားမလပ်ရှိလှပါသည်။
သူတို့ ကိုယ်တိုင်က လက်လျှော့နေပြီမို့ အသာနောက်ဆုတ်၍ ရပ်ကြည့်နေမိတော့သည်။
ယခုတော့ သူတို့ တတွေ လောကကြီးထဲက ထွက်ခွာသွားကြပြီ။ သူတို့ နှင့်အတူ ဘာများယူဆောင်သွားနိုင်မည်နည်း။ ။
ရေးသားသူ။ ။ မြသန်းလင်း
မြသန်းလင်း အမြင့်ဆုံးအမိုးအောက်က အရိပ်များဘ၀ရသ၀တ္ထုတိုစုစည်းမှု စာအုပ်မှကူးယူတင်ပြပါသည်။
၂၀-၈-၂၀၀၅
ဦးရန်ပိုင်သည်သူ၏ကိုယ်ခန္တာကြီး
“ဘာများအကြောင်းထူးလို့ လဲတော်၊ ပြောစရာရှိ ကျွန်မကိုလူကြုံနဲ့ မှာလိုက်ရောပေါ့၊ ဒါမှမဟုတ်လဲ ကလေးတစ်ယောက်ယောက်လွှတ်ခေါ်ခိုင်း
“အို ………….ငါနေရတာ တမျိုးကြီး ဖြစ်လာလို့ ထလာခဲ့တာ”
“ဒါဆိုလဲ ကျွန်မ ဘာလုပ်ပေးရမလဲ ပြော”
“ငါနေလို့ မကောင်းဘူးဟာ၊ ငါ့ကိုနင်တို့  တရားစခန်းဝင်တဲ့ဆီက ဟောတဲ့တရားတွေပြန်ဟောစမ်းပါ”
ဦးရန်ပိုင် က ဒေါ်ရွှေကို အားကိုးတကြီးဖြင့် တရားတောင်းနေသည်။ ဒေါ်ရွှေကလည်း ဘာပြောရမှန်းမသိဖြစ်ကာငိုင်သွား
“ဒီတရားလေးနာရရင် ငါ စိတ်သက်သာလားလို့ ပါ၊ နင်က တရားစခန်းဖွင့်တိုင်း ၀င်နေတာဆိုတော့ တော်တော် လေးသဘောပေါက်နေရောပေါ့………..”
“သဘောတော့ပေါက်ပါရဲ့ ကိုရန်ပိုင်ရယ်….. ကိုယ်သိတာကို သူများနားလည်အောင် ပြန်မပြောတတ်ဘူးတော့်………….ဒီလို
“အေးပါဟာ…… သူက ငါ့ထက် ငယ်ပေမဲ့ တရားကျတော့ ငါ့ထက်ရှိတယ်။ ညကျမှ သူအားလပ်တဲ့အချိန်လေးအိမ်ကိုခေါ်
ဦးရန်ပိုင်သည် ကားလမ်းမကြီးဘေးအတိုင်း တရွေ့ ရွေ့ လှမ်းကာ သူ့ အိမ်ရှိရာသို့ ပြန်လေ၏။ သူပြန်သွားသည်ကို ဦးငြိမ်းမင်းလှမ်းတွေ့ လေသည်။ လေဖြတ်ထားသဖြင့် အိမ်တွင်း၊ ခြံတွင်းလောက်သာ လေ့ကျင့်လေ့ရှိသော ဦးရန်ပိုင်ကို ကားလမ်းဘေးမှာ တွေ့ ရသဖြင့် ဦးငြိမ်းမင်း အံ့သြ သွားဟန်ရှိသည်။ ဦးရန်ပိုင် သူ့ ဆိုင်ကို ကျော်သွားပြီး ဒေါ်ရွှေရောက်လာသဖြင့်……..
“ဒေါ်ရွှေ…..ဦးရန်ပိုင်လာတာဘာထူး
ဒေါ်ရွှေက ပြုံးလိုက်ပြီး…………
“နေရတာတမျိုးကြီးဖြစ်နေလို့ တဲ့ တရားနာချင်လို့ တဲ့ဦးငြိမ်းမင်းရယ်…………ကျွန်မ
“ဟောပေးရမှာပေါ့ ဒေါ်ရွှေရယ်၊ နာကိုး၊ တောင်းရှစ်၊ သာထုတစ်၊ ဟောလစ်အသင်္ချေ ဆို မို့ လားဗျာ။ တရားနာချင်လို့  လိုလိုလားလား တရားလာတောင်းသူ ရှိလို့ ကတော့ မထတမ်းဟောတယ်…….”
“ကျေးဇူးတင်လိုက်တာဦးငြိမ်းမင်
“ရပါတယ်………..ဒီလိုမျိုးသူ့ စိတ်ကိုက လိုလိုလားလား ဖြစ်လာတာကိုပဲ ကျွန်တော် ၀မ်းသာတယ်၊ ကျွန်တော် သိသလောက် တတ်သလောက်တော့ ဟောပြောရမှာပေါ့၊ ဘာမှမပူနဲ့ ………..”
“ဒါဆို ညဘက်အားရင် သွားလိုက်တော့နော်၊ ကျွန်မက မြေးတွေနဲ့ အလုပ်ရှုပ်လို့ ကို အားမှာ မဟုတ်ဘူး………….”
“ဟုတ်ကဲ့ပါ၊ ဒေါ်ရွှေကိုလည်း သတိပေးရဦးမယ်၊ ဆရာတော်ကြီး ဟောသလို သေကံနီးတွေက သေကံဝေးတွေအတွက် အလုပ်ရှုပ်မနေနဲ့ ဦး။ မှတ်မိသေးလား။ အခွေတောင် ဖွင့်တာ ဆယ်ကြိမ်ထက်မနည်းတော့ဘူးနော်။ ဥပမာလေးက ထိတယ်ဗျာ။ ရေနစ်ဖို့ လည်ပင်းထိရောက်နေတဲ့ သေကံနီးတွေက(လူကြီးတွေ)၊ ကုန်းပေါ်မှာ ဆော့ကစားနေတဲ့ ကလေးတွေ(သေကံဝေးတွေ) အတွက်ပူနေကြတာ ဘယ်လောက်အရူးပိုလဲ ဆိုတာလေ”
“ဟုတ်ကဲ့ မှတ်မိပြီ၊ အဲဒါပြောတာပေါ့၊ ကျွန်မတို့ က နာတုန်းပဲ၊ ပြီးရင်မေ့ရော၊ သူများကိုပြန်မပြောပြတတ်ဘူး။ ကဲ ညကျရင်သာ ဆက်ဆက်သွားလိုက်ပါဦးရှင်………”
“စိတ်ချ………….စိတ်ချ”
ဒေါ်ရွှေ ထွက်သွားသောအခါ ဦးငြိမ်းမင်း သက်ပြင်းတစ်ချက် မှုတ်ထုတ်မိ၏။ မိုးလွန်မှ ထွန်ချမည့် ဦးရန်ပိုင်အတွက် စပါးပင်တွေ ရှင်သန် သီးပွင့်ဖို့ ရာနှုန်းနည်းလှပါသည်။ သို့် သော်..စစ်မရောက်ခင် မြားကုန်နေလို့ လဲမဖြစ်။ အစွမ်းကုန်ကြိုးစားကြည့်ရဦးမည်
ညဘက် ဦးရန်ပိုင် အိမ်မရောက်မီ လမ်းမှာ မိုးကုတ်ဝိပဿနာရိပ်သာတွင် တရားဝင်လေ့ရှိသော ဦးသာဝင်း နှင့်တွေ့ ၏။ တွေ့ ခိုက် ဆုံခိုက် လက်ဖက်ရည်ဆိုင် ထိုင်ရအောင် ဆိုသည်နှင့် အောင်သီတာကဖီး မှာ ခေတ္တခဏထိုင်ကြသည်။
“ခု….ဘယ်သွားမှာလဲ…….ထမင်းကောစာ
ဦးသာဝင်း အမေးကို မဖြေသေးပဲ….လက်ဖက်ရည်ခွက်ကို ကောက်ကိုင်မိသည်။ တငုံမျှ ငုံပြီးမှ……..
“ဦးရန်ပိုင် အိမ်သွားမလို့ ဗျ” ဟုအစချီကာ မနက်ကအကြောင်းလေးကို ပြန်ပြောလိုက်၏။
“လွယ်ပါ့မလား ဦးငြိမ်းမင်းရာ……….အဲဒါနဲ့ ပတ်သတ်ပြီးကျွန်တော့်မှာ အတွေ့ အကြုံ ရှိထားတယ်”
ဦးသာဝင်းစကားကြောင့်………..
“ဘယ်လို အတွေ့ အကြုံလဲဗျ” ဟုဦးငြိမ်းမင်း မေးလိုက်သည်။
“ဒီလိုဗျာ” ဟုအစချီကာသူ တွေ့ ကြုံသမျှတို့ ကို ပြောပါလေတော့သည်။
“ဒီမိုးကုတ်ရိပ်သာ ဖွင့်စကပေါ့ဗျာ၊ အဲဒီ ဦးရန်ပိုင်ရဲ့ ယောက္ခမတွေလေ……. ဦးဘိုဟိန်းတို့ ပေါ့။ အဖိုးကြီးကော အဖွားကြီးကောပေါ့ဗျာ။ တချိန်က ထမင်းဆိုင်ဖွင့်ပြီး တော်တော် ချမ်းသာကြတာကလား။ သမီးသုံးယောက် အရွယ်ရောက်ချိန် အပြင်အဆင်လေးတွေလဲ တတ်ကြတော့ဗျာ သူတို့ ဆိုင်မှာ ကာလသားတွေ တိုးမပေါက်ဘူး။ ငွေကိုမလိုချင်အဆုံးပဲ။ အစားအသောက်ကလဲ ထမင်းအပြင် လက်ဖက်ရည်ဆိုင်နဲ့ ပတ်သက်သမျှ အကုန်ရ။ အဲဒီတော့အဝေးပြေးကုန်ကားတွေအပြင
ဦးသာဝင်းက ရေနွေးတငုံ ငုံလိုက်ပြီး
“သူတို့ ကျွေးမွေး ပြုစုခဲ့တဲ့ ကလေးတွေက လူကြီးတွေဖြစ်လာတော့ မိုးကုတ်ဝိပဿနာရိပ်သာရဲ့ အကျိုးဆောင်တွေထဲမှာ ပါလာကြတယ်။ ဒါနဲ့ မိုးကုတ်ရိပ်သာစ အဖွင့်မှာပဲ သူတို့ က အဖိုးကြီး အဖွားကြီး ကို ဆိုက်ကားခ အကုန်ခံ ရိပ်သာမှာလိုအပ်သမျှ စရိတ်စကတွေ အကုန်ခံပြီး ခေါ်ကြတယ်။ ရိပ်သာမှာ ရက်အပြည့်မဟုတ်ဘူး။ အချိန်ပိုင်းလေး တရားနာ တရားထိုင်ဖို့ ဖိတ်ခေါ်တာပါ”
“တော်ကြသားပဲ…………သာဓု……..သာဓု”
ဦးငြိမ်းမင်း စကားဝင်ထောက်သည်။
“ဒါပေမဲ့ ဗျာ၊ သူတို့ စေတနာက ဝေဒနာဖြစ်ဆိုသလိုမျိုးပေါ့”
“ဘယ်လိုကြောင့်လဲဗျာ၊ ဒီလောက်ကောင်းတာကို”
“ကောင်းတော့ကောင်းပါရဲ့ ဗျာ၊ ရေလေးတောင် မမြိုချနိုင်တဲ့ လူနာကို ဆီဦးထောပတ်တွေ ခွံ့ ကျွေးသလိုမျိုးပေါ့၊ ဘယ်မှာစားနိုင်တော့မှာလဲ……….”
“ဟုတ်လား”
“တရားဟောတော့လဲ နားထိုင်းနေလို့  မကြားရလို့  ပဋိစ္စ သမုပ္ပာတ် စက်ဝိုင်းနဲ့ ရှင်းပြတော့လည်း မျက်စိမှုန်လို့ မမြင်ရ၊ ကြာတော့စိတ်ပျက်တာပေါ့။ အဲ့ဒါနဲ့ သူတို့ ကပဲ လူလေးတို့ ရယ် မင်းတို့ စေတနာကို အဘတို့ တန်ဖိုးထားပါတယ်။ ဒါပေမဲ့ အဘတို့ မှာ မကြားရ၊ မမြင်ရလို့ စိတ်ဆင်းရဲရတယ်။ အလုပ်လဲရှုပ်တယ်။ နောက်မခေါ်ကြပါတော့နဲ့  လို့ ပြောပြီးရိပ်သာနဲ့ ဝေးလို့ မြေးလေးတွေပဲ ချီလို့ နေတော့တာပေါ့ဗျာ……….”
“ဟာဗျာ…..အခွင့်ကောင်းတွေ ဆုံးရှုံးကုန်ပြီပေါ့၊ အေးလေ ဒါကြောင့် အချိန်ရှိခိုက် လုံလစိုက် ဆိုတာ အဲဒါပြောတာပေါ့။ မိုးလွန်မှထွန်ချတော့လဲ အပင်မလှအသီးမရတော့ဘူးပေါ့ဗျာ……”
သူတို့ နှစ်ဦးစလုံး စိတ်မကောင်းစွာဖြင့် ငြိမ်နေမိကြတော့သည်။
အင်းတကော် ကားဂိတ်ကလေးမှာ ကားများစည်ကားလျက်ရှိသည်။ ညဦးပိုင်းလေးမို့ ရောင်းဝယ်ဖောက်ကားသူများလည်း လှုပ်လှုပ်ရှားရှား သွားသွားလာလာ။
ဦးငြိမ်းမင်းသည် ရန်ကုန်သို့ ပြောင်းရွှေ့ နေထိုင်ပြီးမှ သူ့ မိသားစုကို အင်းတကော်ပြန်ပို့ ကာ ရန်ကုန်မှာ တစ်ယောက်တည်းရုန်းကန်နေထိုင်သြူ
“ဦးသာဝင်း တောင်ကြီးကွဲကို ပြန်မှာလား……….”
မေးလိုက်၏။ ဦးသာဝင်းက ခေါင်းညိတ်ဖြေပြီး “ကဲ……….ခင်ဗျားလဲသွားလိုက်ဦး၊ ကျွန်တော်ပြောတာနဲ့ စိတ်ဓါတ်ကျမသွားပါနဲ့ ဦး” ဟုပြောလေသည်။
“သူကတော့ လေဖြတ်ထားလို့ သိပ်မသန်ပေမဲ့ နားတို့ မျက်စိတို့ က ကောင်းပါသေးတယ်
ဒါပေမဲ့ ညဏ်မျက်စိ၊ ညဏ်နားဝေးရင်မလွယ်ဘူးနော်၊ စိတ်ပျက်အောင် ပြောတာမဟုတ်ဘူး၊ ကြိုးစားကြည့်ဦးပေါ့”
လူချင်းခွဲပြီး ဦးငြိမ်းမင်းက ဦးရန်ပိုင်အိမ်ဘက် ထွက်လာခဲ့ပါသည်။
ရန်ကုန်ပြန်ရောက်သောရက်မှာ သူ့ မိတ်ဆွေ ဆရာကိုကျောက်ခဲ ခေါ် ဆရာကိုကျော်လင်း နှင့်ဆုံဖြစ်သည်။
“အစ်ကိုငြိမ်းမင်းကြီးရေ…….ကျွန
“ဘာလဲဗျ၊ ခင်ဗျားအမေ ဘာဖြစ်ပြန်ပြီလ”ဲ
“အမေလေဖြစ်သွားပြီဗျ၊ အိမ်မှာ ငိုငိုနေတယ်ဗျာ၊ ခင်ဗျားလာပြီး တရားဟောစမ်းပါဦး”
“ဟာ…….ဖြစ်မှဖြစ်ရလေဗျာ၊ ဒါဆို ကျွန်တော်လာကြည့်ပါဦးမယ်။ စိတ်မကောင်းဘူးဗျာ”
ဤသို့ ဖြင့် အားလပ်ချိန် ရသည်နှင့် ကျောင်းဆရာကိုကျော်လင်း အိမ်သွားကာ သူ့ မိခင်ကြီးနှင့် သင့်လျော်မည့်စကား၊ ကိုက်ညီမည့်တရား တို့ ကိုဟောပြောရလေသည်။
အစပိုင်းတွင် သူ့ အလုပ်နှင့်သူ ရှုပ်နေကြသော သားသမီးများနှင့် စကားပြောနေခွင့် မရှိသဖြင့် ဦးငြိမ်းမင်း နှင့်စကားပြော တရားဟောသည်ကို သူနှစ်လို၏။
နောက်ပိုင်းတွင်မူ သူကိုယ်တိုင်က
“လူလေးရယ်…..မောင်ငြိမ်းမင်းရယ်
အင်းတကော် ရောက်သောအခါ ဦးရန်ပိုင် ဆီဝင်လျှင်လည်း ဦးရန်ပိုင်က ဆီး၍ပြောပြန်ပါသည်။
“ကိုငြိမ်းမင်းရယ်…..တကယ်တမ်းကျ
ကုသိုလ်ရေးမို့ သာ အချိန်လုပြီး သူတို့ ဆီ သွားနေရပေမယ့် ဦးငြိမ်းမင်းမှာ ၀မ်းရေးအပြင် ၀ါသနာရေးကလည်း ရှိသေးလေရာ မအားမလပ်ရှိလှပါသည်။
သူတို့ ကိုယ်တိုင်က လက်လျှော့နေပြီမို့ အသာနောက်ဆုတ်၍ ရပ်ကြည့်နေမိတော့သည်။
ယခုတော့ သူတို့ တတွေ လောကကြီးထဲက ထွက်ခွာသွားကြပြီ။ သူတို့ နှင့်အတူ ဘာများယူဆောင်သွားနိုင်မည်နည်း။
ရေးသားသူ။ ။ မြသန်းလင်း
မြသန်းလင်း အမြင့်ဆုံးအမိုးအောက်က အရိပ်များဘ၀ရသ၀တ္ထုတိုစုစည်းမှု စာအုပ်မှကူးယူတင်ပြပါသည်။
၂၀-၈-၂၀၀၅
အဓိက
ယပ်တောင် ( ပန်ကာ )
ရောင်းသူတစ်ယောက်ဖြစ်ရင်လည်း
အိုက်စပ်မွန်းကြပ်တဲ့
ရာသီဥတုကို
တောင်းဆိုမိမှာ မဟုတ်ပါဘူး။
အနွေးထည် ( စောင် )
ရောင်းသူတစ်ယောက်ဖြစ်ရင်လည်း
အအေးဓါတ်ကြမ်းကြမ်း
ဆောင်းသရမ်းကို
တောင်းဆိုမိမှာ မဟုတ်ပါဘူး။
မျှတမှုနဲ့ 
ကမ္ဘာကိုထွေးပိုက်ချင်သူ
ဒီဇမ္ဗူမှာ
လူနှင့်အခြား သတ္တ၀ါ
အားလုံးချစ်ကြည်စွာ
နေထိုင်ခြင်းအတွက်
ငွေအများကြီးမလိုပါဘူး။
ရေးသားသူ။ ။မြသန်းလင်း
မြသန်းလင်း သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြပါသည်။
မဲ့ခြင်း၊ မမဲ့ခြင်း
အိုးမဲ့ အိမ်မဲ့ တစ်ယောက်ပေမဲ့
ကြင်နာတတ်တဲ့ နှလုံးသားမမဲ့ဘူး။
ချောက်ထဲကျနေတဲ့ တစ်ယောက်တွေ့ ရင်
သူ့ ပခုံးနဲ့ ထမ်းတင်ခဲ့လိမ့်မယ်။
အတတ်ပညာမဲ့ တစ်ယောက်ပေမဲ့
အသိတရားမမဲ့ဘူး။
သူ့ ဘ၀ခရီးအတွက်
အလုပ်သင့်ဆုံးအရာတွေကို သူသိနေတယ်။
အဖော်မဲ့ အသိုင်းအ၀ိုင်းမဲ့ပေမယ့်
တရားဓမ္မဆိုတဲ့ အဖော်တွေ ရှိနေတယ်။
ဒါကြောင့်.............
လောကသမုဒ်ပြင်ကို
ကျင်ကျင်လည်လည်ကူးဖြတ်ပြီး
ဘ၀သံသရာကို
လှလှပပကြီး
အနားသတ်နိုင်ခဲ့လိမ့်မယ်။ ။
ရေးသားသူ။ ။မြသန်းလင်း
မြသန်းလင်း သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြပါသည်။
ငြိမ်းချမ်းလွတ်ရာ
ရုပ်ဖျက်လာတဲ့
ဒုက္ခတွေ
"ဓမ္မ"ခြေရင်းမှာ
အကွဲကွဲ အပြဲပြဲ
ပြိုလဲရမလေ။
သူ့ အလုပ်သူလုပ်နေတဲ့ "ဓမ္မ"
ဘယ်သူ့ သဘောမှမလိုက်
စောင့်ကြည့်၊ သတိရှိစွာ
"ကိလေသာ" ဝေးကွာ
ဘေးဘယာရှင်းမှာ။
အရာရာမှာ
ဝတ်စားဆင်ယင်မှုအမျိုးမျိုးနဲ့ 
ထိုးထိုးထောင်ထောင်လုပ်နေတဲ့
"တဏှာ၊ မာန၊ ဒိဌိ" ဆိုတာတွေ
လာပါစေ................
"စောင့်ကြည့်၊ သတိ"
အရှိအတိုင်းသိရင်.....
"ငြိမ်းရာလွတ်ရာ" တွေ့ မလေ.....။ ။
ရေးသားသူ။ ။ မြသန်းလင်း
မြသန်းလင်း သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြပါသည်။
ပုရွက်ဆိတ် ဖြစ်သွားသော လူများ
အသက်တစ်ချောင်းဖြစ်ဖို့ ဆိုတာ
သတ္တ၀ါတိုင်းအတွက်
ခက်ခဲကြတာပါပဲလေ။
ပုရွက်ဆိတ်တစ်ကောင်နဲ့ စာရင်တော့
လူဖြစ်ဖို့ ကပိုခက်တာ
အားလုံးအသိပါ။
ဒါပေမဲ့..........
တချို့  တချို့ သော
ဒေသ၊ ကာလ
လူပုဂ္ဂိုလ်တွေရှေ့ မှာ
လူတော်တော်များများဟာ
ပုရွက်ဆိတ်ကလေးတွေ
ဖြစ်သွားကြတယ်။
ပုရွက်ဆိတ်ကလေးတွေကိုတော့
ဘယ်သူမှ
လူလောက် တန်ဖိုးမထားကြဘူး။
လူကိုသာ ပုရွက်ဆိတ်လောက်ပဲ
အောက်မေ့ကြသတဲ့။
ရေးသားသူ။ ။မြသန်းလင်း
မြသန်းလင်း သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြပါသည်။
Subscribe to:
Posts (Atom)