Friday, July 5, 2013
မျောလွင့်ရွက်ကြွေ
သက္ကရာဇ်တွေ ရှည်ထွက်မြင့်မားလာတာနဲ့ အမျှ
ငါ့ကိုယ်ပေါ်မှာ အမာရွတ်တွေ
အမဲစက်တွေများများလာပေါ့။
အရေပြားတွေတွံ့ ရှုံ့ 
စမြုံ့ပြန်မရတော့တဲ့
အရုဏ်ရောင်ခြည်နုများ
ဟိုးအဝေးဆီမှာ လွင့်ပြယ်ခဲ့။
မဖိတ်ခေါ်ပဲရောက်လာကြတဲ့
ဧရာအရိပ်တို့ ကြီးစိုးနယ်ချဲ့ ။
လတစ်စင်းပြီးတစ်စင်း
ခရီးနှင်လွန်မြောက်ကာ
အဝေးမှာ နှစ်များရင့်ရော်
အပျော်ရက်စွဲ ဘယ်မလဲ
အေးခဲနေပေါ့။
ငါဟာ ရွက်ကြွေများနဲ့ အတူ
ဖုံထူထူလမ်းမြေတစ်ကြောမှာ
လွင့်မျောခဲ့ပေါ့ကွယ်။ ။
ရေးသားသူ။ ။မြသန်းလင်း
မြသန်းလင်း သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြပါသည်။
ရှေ့ နောက်
နွေရောက်ပေမဲ့ နေမပူ
နေပူပေမဲ့ နွေမဟုတ်။
မိုးရောက်ပေမဲ့ ရေမများ
ရေများပေမဲ့ မိုးမဟုတ်။
ဆောင်းရောက်ပေမဲ့ နှင်းမဝေ
နှင်းဝေပေမဲ့ ဆောင်းမဟုတ်။
ကမောက်ကမ
ကတောက်ကဆဖြစ်
နောက်ကအပြစ်ပြော
အတောမသတ်နိုင်ကြ။ ။
ရေးသားသူ။ ။မြသန်းလင်း
မြသန်းလင်း သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြပါသည်။
အခါလွန် စိုက်ပင်များ
“ဟေ့………..အရွှေ…….အရွှေရေ………….လာပါဦးဟ”
ဦးရန်ပိုင်သည်သူ၏ကိုယ်ခန္တာကြီးကို
မနိုင်မနင်းသယ်ဆောင်လျှက် တောင်ဝှေးကို အားပြု လျှောက်လှမ်းရာမှ
သူ၏မရီးတော်သူ ဒေါ်ရွှေ ကို လှမ်းခေါ်လိုက်လေသည်။ သူ့ အသံကြားသည်နှင့်
ဒေါ်ရွှေလည်းအိမ်ထဲမှထွက်ကာ ခရီးဦးကြိုပြုလိုက်သည်။
“ဘာများအကြောင်းထူးလို့ လဲတော်၊ ပြောစရာရှိ ကျွန်မကိုလူကြုံနဲ့ မှာလိုက်ရောပေါ့၊ ဒါမှမဟုတ်လဲ ကလေးတစ်ယောက်ယောက်လွှတ်ခေါ်ခိုင်းလိုက်ရင် ရပါတယ်တော်၊ မတော်တဆလမ်းမှာ မူးလဲနေရင်မခက်ပါလား……”
“အို ………….ငါနေရတာ တမျိုးကြီး ဖြစ်လာလို့ ထလာခဲ့တာ”
“ဒါဆိုလဲ ကျွန်မ ဘာလုပ်ပေးရမလဲ ပြော”
“ငါနေလို့ မကောင်းဘူးဟာ၊ ငါ့ကိုနင်တို့  တရားစခန်းဝင်တဲ့ဆီက ဟောတဲ့တရားတွေပြန်ဟောစမ်းပါ”
ဦးရန်ပိုင် က ဒေါ်ရွှေကို အားကိုးတကြီးဖြင့် တရားတောင်းနေသည်။ ဒေါ်ရွှေကလည်း ဘာပြောရမှန်းမသိဖြစ်ကာငိုင်သွား၏။
“ဒီတရားလေးနာရရင် ငါ စိတ်သက်သာလားလို့ ပါ၊ နင်က တရားစခန်းဖွင့်တိုင်း ၀င်နေတာဆိုတော့ တော်တော် လေးသဘောပေါက်နေရောပေါ့………..”
“သဘောတော့ပေါက်ပါရဲ့ ကိုရန်ပိုင်ရယ်….. ကိုယ်သိတာကို သူများနားလည်အောင် ပြန်မပြောတတ်ဘူးတော့်………….ဒီလိုလုပ်ပါ……..ဟိုဘက်နားက
ဦးငြိမ်းမင်းဆီမှာ သွားပြီး တရားဟောခိုင်းပေါ့၊ သူက စာတွေ
ဘာတွေရေးတဲ့သူဆိုတော့ တဘက်သားသဘောပေါက်အောင် ဟောတတ် ပြောတတ်ပါတယ်။ ကျွန်မ
ကိုယ်တိုင်လိုက်ပြောပေးမယ်လေ………….”
“အေးပါဟာ…… သူက ငါ့ထက် ငယ်ပေမဲ့ တရားကျတော့ ငါ့ထက်ရှိတယ်။ ညကျမှ သူအားလပ်တဲ့အချိန်လေးအိမ်ကိုခေါ်ခဲ့နော်……….ကျေးဇူးတင်ပါတယ်ဟာ….”
ဦးရန်ပိုင်သည် ကားလမ်းမကြီးဘေးအတိုင်း တရွေ့ ရွေ့ လှမ်းကာ သူ့ အိမ်ရှိရာသို့ ပြန်လေ၏။ သူပြန်သွားသည်ကို ဦးငြိမ်းမင်းလှမ်းတွေ့ လေသည်။ လေဖြတ်ထားသဖြင့် အိမ်တွင်း၊ ခြံတွင်းလောက်သာ လေ့ကျင့်လေ့ရှိသော ဦးရန်ပိုင်ကို ကားလမ်းဘေးမှာ တွေ့ ရသဖြင့် ဦးငြိမ်းမင်း အံ့သြ သွားဟန်ရှိသည်။ ဦးရန်ပိုင် သူ့ ဆိုင်ကို ကျော်သွားပြီး ဒေါ်ရွှေရောက်လာသဖြင့်……..
“ဒေါ်ရွှေ…..ဦးရန်ပိုင်လာတာဘာထူးလို့ လဲ………..တခုခုတော့တခုခုပဲ………”
ဒေါ်ရွှေက ပြုံးလိုက်ပြီး…………
“နေရတာတမျိုးကြီးဖြစ်နေလို့ တဲ့ တရားနာချင်လို့ တဲ့ဦးငြိမ်းမင်းရယ်…………ကျွန်မကို
ဟောခိုင်းတော့ ကျွန်မက ကိုယ့်အာသာတော့သဘောပေါက် ပါရဲ့ တော်၊
သူများနားလည်အောင် မပြောတတ်ပါဘူး၊ ဒါနဲ့ ကျွန်မလည်းစေတနာနဲ
့ပြောလိုက်မိတယ်၊ ဦးငြိမ်းမင်းကိုဟောခိုင်းပါလို့ ၊ ညဘက်အချိန်ရရင် သူ့ အိမ်သွားပြီး တရားရေလေးတိုက်ကျွေးလိုက်ပါဦး၊ ဦးငြိမ်းမင်း ရယ်………….”
“ဟောပေးရမှာပေါ့ ဒေါ်ရွှေရယ်၊ နာကိုး၊ တောင်းရှစ်၊ သာထုတစ်၊ ဟောလစ်အသင်္ချေ ဆို မို့ လားဗျာ။ တရားနာချင်လို့  လိုလိုလားလား တရားလာတောင်းသူ ရှိလို့ ကတော့ မထတမ်းဟောတယ်…….”
“ကျေးဇူးတင်လိုက်တာဦးငြိမ်းမင်းရယ်………သူ
နောက်လာပြီး တရားဟောဖို့ ပြောတော့ ကျွန်မလည်းမပြောတတ်၊ မဟောတတ်၊
ရိပ်သာသွားဖို့ ကလည်း သူကမသန်စွမ်းတော့ဘူးမို့ လား၊ ဗြုန်းကနဲ
ဘာလုပ်ရမှန်းမသိဘူး။ ပြီးမှ ဦးငြိမ်းမင်းကို သတိရတာနဲ့ သူ့ ကိုတောင်မှ
ပြောလိုက်ပြီးပြီ။ ဦးငြိမ်းမင်း အားလပ်တဲ့အချိန်လေး
သွားဟောပြောလိုက်ပါဦးရှင်…..”
“ရပါတယ်………..ဒီလိုမျိုးသူ့ စိတ်ကိုက လိုလိုလားလား ဖြစ်လာတာကိုပဲ ကျွန်တော် ၀မ်းသာတယ်၊ ကျွန်တော် သိသလောက် တတ်သလောက်တော့ ဟောပြောရမှာပေါ့၊ ဘာမှမပူနဲ့ ………..”
“ဒါဆို ညဘက်အားရင် သွားလိုက်တော့နော်၊ ကျွန်မက မြေးတွေနဲ့ အလုပ်ရှုပ်လို့ ကို အားမှာ မဟုတ်ဘူး………….”
“ဟုတ်ကဲ့ပါ၊ ဒေါ်ရွှေကိုလည်း သတိပေးရဦးမယ်၊ ဆရာတော်ကြီး ဟောသလို သေကံနီးတွေက သေကံဝေးတွေအတွက် အလုပ်ရှုပ်မနေနဲ့ ဦး။ မှတ်မိသေးလား။ အခွေတောင် ဖွင့်တာ ဆယ်ကြိမ်ထက်မနည်းတော့ဘူးနော်။ ဥပမာလေးက ထိတယ်ဗျာ။ ရေနစ်ဖို့ လည်ပင်းထိရောက်နေတဲ့ သေကံနီးတွေက(လူကြီးတွေ)၊ ကုန်းပေါ်မှာ ဆော့ကစားနေတဲ့ ကလေးတွေ(သေကံဝေးတွေ) အတွက်ပူနေကြတာ ဘယ်လောက်အရူးပိုလဲ ဆိုတာလေ”
“ဟုတ်ကဲ့ မှတ်မိပြီ၊ အဲဒါပြောတာပေါ့၊ ကျွန်မတို့ က နာတုန်းပဲ၊ ပြီးရင်မေ့ရော၊ သူများကိုပြန်မပြောပြတတ်ဘူး။ ကဲ ညကျရင်သာ ဆက်ဆက်သွားလိုက်ပါဦးရှင်………”
“စိတ်ချ………….စိတ်ချ”
ဒေါ်ရွှေ ထွက်သွားသောအခါ ဦးငြိမ်းမင်း သက်ပြင်းတစ်ချက် မှုတ်ထုတ်မိ၏။ မိုးလွန်မှ ထွန်ချမည့် ဦးရန်ပိုင်အတွက် စပါးပင်တွေ ရှင်သန် သီးပွင့်ဖို့ ရာနှုန်းနည်းလှပါသည်။ သို့် သော်..စစ်မရောက်ခင် မြားကုန်နေလို့ လဲမဖြစ်။ အစွမ်းကုန်ကြိုးစားကြည့်ရဦးမည်ဟု စိတ်ကို ဆုံးဖြတ်လိုက်ပါ၏။
ညဘက် ဦးရန်ပိုင် အိမ်မရောက်မီ လမ်းမှာ မိုးကုတ်ဝိပဿနာရိပ်သာတွင် တရားဝင်လေ့ရှိသော ဦးသာဝင်း နှင့်တွေ့ ၏။ တွေ့ ခိုက် ဆုံခိုက် လက်ဖက်ရည်ဆိုင် ထိုင်ရအောင် ဆိုသည်နှင့် အောင်သီတာကဖီး မှာ ခေတ္တခဏထိုင်ကြသည်။
“ခု….ဘယ်သွားမှာလဲ…….ထမင်းကောစားပြီးပြီလား”
ဦးသာဝင်း အမေးကို မဖြေသေးပဲ….လက်ဖက်ရည်ခွက်ကို ကောက်ကိုင်မိသည်။ တငုံမျှ ငုံပြီးမှ……..
“ဦးရန်ပိုင် အိမ်သွားမလို့ ဗျ” ဟုအစချီကာ မနက်ကအကြောင်းလေးကို ပြန်ပြောလိုက်၏။
“လွယ်ပါ့မလား ဦးငြိမ်းမင်းရာ……….အဲဒါနဲ့ ပတ်သတ်ပြီးကျွန်တော့်မှာ အတွေ့ အကြုံ ရှိထားတယ်”
ဦးသာဝင်းစကားကြောင့်………..
“ဘယ်လို အတွေ့ အကြုံလဲဗျ” ဟုဦးငြိမ်းမင်း မေးလိုက်သည်။
“ဒီလိုဗျာ” ဟုအစချီကာသူ တွေ့ ကြုံသမျှတို့ ကို ပြောပါလေတော့သည်။
“ဒီမိုးကုတ်ရိပ်သာ ဖွင့်စကပေါ့ဗျာ၊ အဲဒီ ဦးရန်ပိုင်ရဲ့ ယောက္ခမတွေလေ……. ဦးဘိုဟိန်းတို့ ပေါ့။ အဖိုးကြီးကော အဖွားကြီးကောပေါ့ဗျာ။ တချိန်က ထမင်းဆိုင်ဖွင့်ပြီး တော်တော် ချမ်းသာကြတာကလား။ သမီးသုံးယောက် အရွယ်ရောက်ချိန် အပြင်အဆင်လေးတွေလဲ တတ်ကြတော့ဗျာ သူတို့ ဆိုင်မှာ ကာလသားတွေ တိုးမပေါက်ဘူး။ ငွေကိုမလိုချင်အဆုံးပဲ။ အစားအသောက်ကလဲ ထမင်းအပြင် လက်ဖက်ရည်ဆိုင်နဲ့ ပတ်သက်သမျှ အကုန်ရ။ အဲဒီတော့အဝေးပြေးကုန်ကားတွေအပြင်
ပြင်ပခရီးသည်တွေရော ရွာခံတွေရော အဲဒီဆိုင်မှာ တိုးမပေါက်ဘူးဗျို့ ။
နောက်တော့ သားသမီးတွေလဲ မဆိုးပါဘူး၊ လင်ကောင်းသားကောင်းတွေ ရကုန်ကြတယ်။
သူတို့ လဲ သားသမီးတွေကို လုပ်ငန်း အထိုင်ချပေးပြီး အေးအေးလူလူ
နားနေတာပေါ့လေ။ မြို့ လေးမှာ မျက်နှာဖုန်းဖြစ်နေတော့ ရပ်ရေး၊ ရွာရေးနဲ
့အချိန်ကုန်ခဲ့တာပေါ့လေ။ ဒီလိုနဲ့ အသက်တွေကလည်း ကြီးလာ၊ ကိုယ့်အတွက်က ဘာမှ
မလုပ်ရသေးဘူး………..”
ဦးသာဝင်းက ရေနွေးတငုံ ငုံလိုက်ပြီး
“သူတို့ ကျွေးမွေး ပြုစုခဲ့တဲ့ ကလေးတွေက လူကြီးတွေဖြစ်လာတော့ မိုးကုတ်ဝိပဿနာရိပ်သာရဲ့ အကျိုးဆောင်တွေထဲမှာ ပါလာကြတယ်။ ဒါနဲ့ မိုးကုတ်ရိပ်သာစ အဖွင့်မှာပဲ သူတို့ က အဖိုးကြီး အဖွားကြီး ကို ဆိုက်ကားခ အကုန်ခံ ရိပ်သာမှာလိုအပ်သမျှ စရိတ်စကတွေ အကုန်ခံပြီး ခေါ်ကြတယ်။ ရိပ်သာမှာ ရက်အပြည့်မဟုတ်ဘူး။ အချိန်ပိုင်းလေး တရားနာ တရားထိုင်ဖို့ ဖိတ်ခေါ်တာပါ”
“တော်ကြသားပဲ…………သာဓု……..သာဓု”
ဦးငြိမ်းမင်း စကားဝင်ထောက်သည်။
“ဒါပေမဲ့ ဗျာ၊ သူတို့ စေတနာက ဝေဒနာဖြစ်ဆိုသလိုမျိုးပေါ့”
“ဘယ်လိုကြောင့်လဲဗျာ၊ ဒီလောက်ကောင်းတာကို”
“ကောင်းတော့ကောင်းပါရဲ့ ဗျာ၊ ရေလေးတောင် မမြိုချနိုင်တဲ့ လူနာကို ဆီဦးထောပတ်တွေ ခွံ့ ကျွေးသလိုမျိုးပေါ့၊ ဘယ်မှာစားနိုင်တော့မှာလဲ……….”
“ဟုတ်လား”
“တရားဟောတော့လဲ နားထိုင်းနေလို့  မကြားရလို့  ပဋိစ္စ သမုပ္ပာတ် စက်ဝိုင်းနဲ့ ရှင်းပြတော့လည်း မျက်စိမှုန်လို့ မမြင်ရ၊ ကြာတော့စိတ်ပျက်တာပေါ့။ အဲ့ဒါနဲ့ သူတို့ ကပဲ လူလေးတို့ ရယ် မင်းတို့ စေတနာကို အဘတို့ တန်ဖိုးထားပါတယ်။ ဒါပေမဲ့ အဘတို့ မှာ မကြားရ၊ မမြင်ရလို့ စိတ်ဆင်းရဲရတယ်။ အလုပ်လဲရှုပ်တယ်။ နောက်မခေါ်ကြပါတော့နဲ့  လို့ ပြောပြီးရိပ်သာနဲ့ ဝေးလို့ မြေးလေးတွေပဲ ချီလို့ နေတော့တာပေါ့ဗျာ……….”
“ဟာဗျာ…..အခွင့်ကောင်းတွေ ဆုံးရှုံးကုန်ပြီပေါ့၊ အေးလေ ဒါကြောင့် အချိန်ရှိခိုက် လုံလစိုက် ဆိုတာ အဲဒါပြောတာပေါ့။ မိုးလွန်မှထွန်ချတော့လဲ အပင်မလှအသီးမရတော့ဘူးပေါ့ဗျာ……”
သူတို့ နှစ်ဦးစလုံး စိတ်မကောင်းစွာဖြင့် ငြိမ်နေမိကြတော့သည်။
အင်းတကော် ကားဂိတ်ကလေးမှာ ကားများစည်ကားလျက်ရှိသည်။ ညဦးပိုင်းလေးမို့ ရောင်းဝယ်ဖောက်ကားသူများလည်း လှုပ်လှုပ်ရှားရှား သွားသွားလာလာ။
ဦးငြိမ်းမင်းသည် ရန်ကုန်သို့ ပြောင်းရွှေ့ နေထိုင်ပြီးမှ သူ့ မိသားစုကို အင်းတကော်ပြန်ပို့ ကာ ရန်ကုန်မှာ တစ်ယောက်တည်းရုန်းကန်နေထိုင်သူဖြစ်၏။
သူ့ သားများကို လက်မှုပညာအမွေပေးရန် အင်းတကော်မှာ ခေတ္တမျှ
ပြန်လည်နေထိုင်ခြင်းဖြစ်၏။ အင်းတကော်သည် ယခင်ကလိုမဟုတ်၊
အားလုံးပြောင်းလဲလျက် မြို့ ကြီးများစတိုင်ဖမ်းလျက်ရှိ၏။ ပတ်ဝန်းကျင်ကို
ငေးနေရာမှ
“ဦးသာဝင်း တောင်ကြီးကွဲကို ပြန်မှာလား……….”
မေးလိုက်၏။ ဦးသာဝင်းက ခေါင်းညိတ်ဖြေပြီး “ကဲ……….ခင်ဗျားလဲသွားလိုက်ဦး၊ ကျွန်တော်ပြောတာနဲ့ စိတ်ဓါတ်ကျမသွားပါနဲ့ ဦး” ဟုပြောလေသည်။
“သူကတော့ လေဖြတ်ထားလို့ သိပ်မသန်ပေမဲ့ နားတို့ မျက်စိတို့ က ကောင်းပါသေးတယ်
ဒါပေမဲ့ ညဏ်မျက်စိ၊ ညဏ်နားဝေးရင်မလွယ်ဘူးနော်၊ စိတ်ပျက်အောင် ပြောတာမဟုတ်ဘူး၊ ကြိုးစားကြည့်ဦးပေါ့”
လူချင်းခွဲပြီး ဦးငြိမ်းမင်းက ဦးရန်ပိုင်အိမ်ဘက် ထွက်လာခဲ့ပါသည်။
ရန်ကုန်ပြန်ရောက်သောရက်မှာ သူ့ မိတ်ဆွေ ဆရာကိုကျောက်ခဲ ခေါ် ဆရာကိုကျော်လင်း နှင့်ဆုံဖြစ်သည်။
“အစ်ကိုငြိမ်းမင်းကြီးရေ…….ကျွန်တော့်ကို ကူညီပါဦးဗျာ၊ ခင်ဗျားနဲ့ မှ အမေနဲ့ ဖြစ်မှာ”
“ဘာလဲဗျ၊ ခင်ဗျားအမေ ဘာဖြစ်ပြန်ပြီလ”ဲ
“အမေလေဖြစ်သွားပြီဗျ၊ အိမ်မှာ ငိုငိုနေတယ်ဗျာ၊ ခင်ဗျားလာပြီး တရားဟောစမ်းပါဦး”
“ဟာ…….ဖြစ်မှဖြစ်ရလေဗျာ၊ ဒါဆို ကျွန်တော်လာကြည့်ပါဦးမယ်။ စိတ်မကောင်းဘူးဗျာ”
ဤသို့ ဖြင့် အားလပ်ချိန် ရသည်နှင့် ကျောင်းဆရာကိုကျော်လင်း အိမ်သွားကာ သူ့ မိခင်ကြီးနှင့် သင့်လျော်မည့်စကား၊ ကိုက်ညီမည့်တရား တို့ ကိုဟောပြောရလေသည်။
အစပိုင်းတွင် သူ့ အလုပ်နှင့်သူ ရှုပ်နေကြသော သားသမီးများနှင့် စကားပြောနေခွင့် မရှိသဖြင့် ဦးငြိမ်းမင်း နှင့်စကားပြော တရားဟောသည်ကို သူနှစ်လို၏။
နောက်ပိုင်းတွင်မူ သူကိုယ်တိုင်က
“လူလေးရယ်…..မောင်ငြိမ်းမင်းရယ်၊
အဒေါ်ကငယ်ငယ်ကတည်းက တရားမလိုက်စားခဲ့တော့ တရားနဲ့ ဝေးတယ်ကွဲ့ ၊
လိုက်မမီတော့ဘူး၊ မင်းလဲ မအားလပ်တဲ့ကြားက လာရတာအားနာတယ်၊ အဒေါ့် ဘ၀နဲ့ ပဲ
အဒေါ် ရှိပါစေတော့” ဟုစိတ်လျော့စကားဆိုပါတော့သည်။ “ဘာမှလုပ်မရဘူး”
ဆိုသောခေတ်စကား က ရုပ်လုံးပေါ်လာပါတော့သည်။
အင်းတကော် ရောက်သောအခါ ဦးရန်ပိုင် ဆီဝင်လျှင်လည်း ဦးရန်ပိုင်က ဆီး၍ပြောပြန်ပါသည်။
“ကိုငြိမ်းမင်းရယ်…..တကယ်တမ်းကျတော့
တရားလိုက်စားရတာ မလွယ်ပါဘူးဗျာ၊ ကျွန်တော်တို့ က ခုမှ စရတာဆိုတော့
ခက်တယ်ဗျ၊ ဟိုရက်ကတော့ ကိုငြိမ်းမင်း တရားနာနေရတာရောဂါ သက်သာသလို၊
စိတ်ပြေလက်ပျောက်လည်း ဖြစ်တယ်၊ ခုတော့ ခင်ဗျား ကို အားနာတယ်၊ ကျွန်တော်လည်း
စိတ်မပါတော့ဘူး၊ သားသမီးတွေနဲ့ မြေးတွေနဲ့ ပဲ စိတ်ကို ဖြေရတော့မှာပဲ”
ကုသိုလ်ရေးမို့ သာ အချိန်လုပြီး သူတို့ ဆီ သွားနေရပေမယ့် ဦးငြိမ်းမင်းမှာ ၀မ်းရေးအပြင် ၀ါသနာရေးကလည်း ရှိသေးလေရာ မအားမလပ်ရှိလှပါသည်။
သူတို့ ကိုယ်တိုင်က လက်လျှော့နေပြီမို့ အသာနောက်ဆုတ်၍ ရပ်ကြည့်နေမိတော့သည်။
ယခုတော့ သူတို့ တတွေ လောကကြီးထဲက ထွက်ခွာသွားကြပြီ။ သူတို့ နှင့်အတူ ဘာများယူဆောင်သွားနိုင်မည်နည်း။ ။
ရေးသားသူ။ ။ မြသန်းလင်း
မြသန်းလင်း အမြင့်ဆုံးအမိုးအောက်က အရိပ်များဘ၀ရသ၀တ္ထုတိုစုစည်းမှု စာအုပ်မှကူးယူတင်ပြပါသည်။
၂၀-၈-၂၀၀၅
ဦးရန်ပိုင်သည်သူ၏ကိုယ်ခန္တာကြီး
“ဘာများအကြောင်းထူးလို့ လဲတော်၊ ပြောစရာရှိ ကျွန်မကိုလူကြုံနဲ့ မှာလိုက်ရောပေါ့၊ ဒါမှမဟုတ်လဲ ကလေးတစ်ယောက်ယောက်လွှတ်ခေါ်ခိုင်း
“အို ………….ငါနေရတာ တမျိုးကြီး ဖြစ်လာလို့ ထလာခဲ့တာ”
“ဒါဆိုလဲ ကျွန်မ ဘာလုပ်ပေးရမလဲ ပြော”
“ငါနေလို့ မကောင်းဘူးဟာ၊ ငါ့ကိုနင်တို့  တရားစခန်းဝင်တဲ့ဆီက ဟောတဲ့တရားတွေပြန်ဟောစမ်းပါ”
ဦးရန်ပိုင် က ဒေါ်ရွှေကို အားကိုးတကြီးဖြင့် တရားတောင်းနေသည်။ ဒေါ်ရွှေကလည်း ဘာပြောရမှန်းမသိဖြစ်ကာငိုင်သွား
“ဒီတရားလေးနာရရင် ငါ စိတ်သက်သာလားလို့ ပါ၊ နင်က တရားစခန်းဖွင့်တိုင်း ၀င်နေတာဆိုတော့ တော်တော် လေးသဘောပေါက်နေရောပေါ့………..”
“သဘောတော့ပေါက်ပါရဲ့ ကိုရန်ပိုင်ရယ်….. ကိုယ်သိတာကို သူများနားလည်အောင် ပြန်မပြောတတ်ဘူးတော့်………….ဒီလို
“အေးပါဟာ…… သူက ငါ့ထက် ငယ်ပေမဲ့ တရားကျတော့ ငါ့ထက်ရှိတယ်။ ညကျမှ သူအားလပ်တဲ့အချိန်လေးအိမ်ကိုခေါ်
ဦးရန်ပိုင်သည် ကားလမ်းမကြီးဘေးအတိုင်း တရွေ့ ရွေ့ လှမ်းကာ သူ့ အိမ်ရှိရာသို့ ပြန်လေ၏။ သူပြန်သွားသည်ကို ဦးငြိမ်းမင်းလှမ်းတွေ့ လေသည်။ လေဖြတ်ထားသဖြင့် အိမ်တွင်း၊ ခြံတွင်းလောက်သာ လေ့ကျင့်လေ့ရှိသော ဦးရန်ပိုင်ကို ကားလမ်းဘေးမှာ တွေ့ ရသဖြင့် ဦးငြိမ်းမင်း အံ့သြ သွားဟန်ရှိသည်။ ဦးရန်ပိုင် သူ့ ဆိုင်ကို ကျော်သွားပြီး ဒေါ်ရွှေရောက်လာသဖြင့်……..
“ဒေါ်ရွှေ…..ဦးရန်ပိုင်လာတာဘာထူး
ဒေါ်ရွှေက ပြုံးလိုက်ပြီး…………
“နေရတာတမျိုးကြီးဖြစ်နေလို့ တဲ့ တရားနာချင်လို့ တဲ့ဦးငြိမ်းမင်းရယ်…………ကျွန်မ
“ဟောပေးရမှာပေါ့ ဒေါ်ရွှေရယ်၊ နာကိုး၊ တောင်းရှစ်၊ သာထုတစ်၊ ဟောလစ်အသင်္ချေ ဆို မို့ လားဗျာ။ တရားနာချင်လို့  လိုလိုလားလား တရားလာတောင်းသူ ရှိလို့ ကတော့ မထတမ်းဟောတယ်…….”
“ကျေးဇူးတင်လိုက်တာဦးငြိမ်းမင်
“ရပါတယ်………..ဒီလိုမျိုးသူ့ စိတ်ကိုက လိုလိုလားလား ဖြစ်လာတာကိုပဲ ကျွန်တော် ၀မ်းသာတယ်၊ ကျွန်တော် သိသလောက် တတ်သလောက်တော့ ဟောပြောရမှာပေါ့၊ ဘာမှမပူနဲ့ ………..”
“ဒါဆို ညဘက်အားရင် သွားလိုက်တော့နော်၊ ကျွန်မက မြေးတွေနဲ့ အလုပ်ရှုပ်လို့ ကို အားမှာ မဟုတ်ဘူး………….”
“ဟုတ်ကဲ့ပါ၊ ဒေါ်ရွှေကိုလည်း သတိပေးရဦးမယ်၊ ဆရာတော်ကြီး ဟောသလို သေကံနီးတွေက သေကံဝေးတွေအတွက် အလုပ်ရှုပ်မနေနဲ့ ဦး။ မှတ်မိသေးလား။ အခွေတောင် ဖွင့်တာ ဆယ်ကြိမ်ထက်မနည်းတော့ဘူးနော်။ ဥပမာလေးက ထိတယ်ဗျာ။ ရေနစ်ဖို့ လည်ပင်းထိရောက်နေတဲ့ သေကံနီးတွေက(လူကြီးတွေ)၊ ကုန်းပေါ်မှာ ဆော့ကစားနေတဲ့ ကလေးတွေ(သေကံဝေးတွေ) အတွက်ပူနေကြတာ ဘယ်လောက်အရူးပိုလဲ ဆိုတာလေ”
“ဟုတ်ကဲ့ မှတ်မိပြီ၊ အဲဒါပြောတာပေါ့၊ ကျွန်မတို့ က နာတုန်းပဲ၊ ပြီးရင်မေ့ရော၊ သူများကိုပြန်မပြောပြတတ်ဘူး။ ကဲ ညကျရင်သာ ဆက်ဆက်သွားလိုက်ပါဦးရှင်………”
“စိတ်ချ………….စိတ်ချ”
ဒေါ်ရွှေ ထွက်သွားသောအခါ ဦးငြိမ်းမင်း သက်ပြင်းတစ်ချက် မှုတ်ထုတ်မိ၏။ မိုးလွန်မှ ထွန်ချမည့် ဦးရန်ပိုင်အတွက် စပါးပင်တွေ ရှင်သန် သီးပွင့်ဖို့ ရာနှုန်းနည်းလှပါသည်။ သို့် သော်..စစ်မရောက်ခင် မြားကုန်နေလို့ လဲမဖြစ်။ အစွမ်းကုန်ကြိုးစားကြည့်ရဦးမည်
ညဘက် ဦးရန်ပိုင် အိမ်မရောက်မီ လမ်းမှာ မိုးကုတ်ဝိပဿနာရိပ်သာတွင် တရားဝင်လေ့ရှိသော ဦးသာဝင်း နှင့်တွေ့ ၏။ တွေ့ ခိုက် ဆုံခိုက် လက်ဖက်ရည်ဆိုင် ထိုင်ရအောင် ဆိုသည်နှင့် အောင်သီတာကဖီး မှာ ခေတ္တခဏထိုင်ကြသည်။
“ခု….ဘယ်သွားမှာလဲ…….ထမင်းကောစာ
ဦးသာဝင်း အမေးကို မဖြေသေးပဲ….လက်ဖက်ရည်ခွက်ကို ကောက်ကိုင်မိသည်။ တငုံမျှ ငုံပြီးမှ……..
“ဦးရန်ပိုင် အိမ်သွားမလို့ ဗျ” ဟုအစချီကာ မနက်ကအကြောင်းလေးကို ပြန်ပြောလိုက်၏။
“လွယ်ပါ့မလား ဦးငြိမ်းမင်းရာ……….အဲဒါနဲ့ ပတ်သတ်ပြီးကျွန်တော့်မှာ အတွေ့ အကြုံ ရှိထားတယ်”
ဦးသာဝင်းစကားကြောင့်………..
“ဘယ်လို အတွေ့ အကြုံလဲဗျ” ဟုဦးငြိမ်းမင်း မေးလိုက်သည်။
“ဒီလိုဗျာ” ဟုအစချီကာသူ တွေ့ ကြုံသမျှတို့ ကို ပြောပါလေတော့သည်။
“ဒီမိုးကုတ်ရိပ်သာ ဖွင့်စကပေါ့ဗျာ၊ အဲဒီ ဦးရန်ပိုင်ရဲ့ ယောက္ခမတွေလေ……. ဦးဘိုဟိန်းတို့ ပေါ့။ အဖိုးကြီးကော အဖွားကြီးကောပေါ့ဗျာ။ တချိန်က ထမင်းဆိုင်ဖွင့်ပြီး တော်တော် ချမ်းသာကြတာကလား။ သမီးသုံးယောက် အရွယ်ရောက်ချိန် အပြင်အဆင်လေးတွေလဲ တတ်ကြတော့ဗျာ သူတို့ ဆိုင်မှာ ကာလသားတွေ တိုးမပေါက်ဘူး။ ငွေကိုမလိုချင်အဆုံးပဲ။ အစားအသောက်ကလဲ ထမင်းအပြင် လက်ဖက်ရည်ဆိုင်နဲ့ ပတ်သက်သမျှ အကုန်ရ။ အဲဒီတော့အဝေးပြေးကုန်ကားတွေအပြင
ဦးသာဝင်းက ရေနွေးတငုံ ငုံလိုက်ပြီး
“သူတို့ ကျွေးမွေး ပြုစုခဲ့တဲ့ ကလေးတွေက လူကြီးတွေဖြစ်လာတော့ မိုးကုတ်ဝိပဿနာရိပ်သာရဲ့ အကျိုးဆောင်တွေထဲမှာ ပါလာကြတယ်။ ဒါနဲ့ မိုးကုတ်ရိပ်သာစ အဖွင့်မှာပဲ သူတို့ က အဖိုးကြီး အဖွားကြီး ကို ဆိုက်ကားခ အကုန်ခံ ရိပ်သာမှာလိုအပ်သမျှ စရိတ်စကတွေ အကုန်ခံပြီး ခေါ်ကြတယ်။ ရိပ်သာမှာ ရက်အပြည့်မဟုတ်ဘူး။ အချိန်ပိုင်းလေး တရားနာ တရားထိုင်ဖို့ ဖိတ်ခေါ်တာပါ”
“တော်ကြသားပဲ…………သာဓု……..သာဓု”
ဦးငြိမ်းမင်း စကားဝင်ထောက်သည်။
“ဒါပေမဲ့ ဗျာ၊ သူတို့ စေတနာက ဝေဒနာဖြစ်ဆိုသလိုမျိုးပေါ့”
“ဘယ်လိုကြောင့်လဲဗျာ၊ ဒီလောက်ကောင်းတာကို”
“ကောင်းတော့ကောင်းပါရဲ့ ဗျာ၊ ရေလေးတောင် မမြိုချနိုင်တဲ့ လူနာကို ဆီဦးထောပတ်တွေ ခွံ့ ကျွေးသလိုမျိုးပေါ့၊ ဘယ်မှာစားနိုင်တော့မှာလဲ……….”
“ဟုတ်လား”
“တရားဟောတော့လဲ နားထိုင်းနေလို့  မကြားရလို့  ပဋိစ္စ သမုပ္ပာတ် စက်ဝိုင်းနဲ့ ရှင်းပြတော့လည်း မျက်စိမှုန်လို့ မမြင်ရ၊ ကြာတော့စိတ်ပျက်တာပေါ့။ အဲ့ဒါနဲ့ သူတို့ ကပဲ လူလေးတို့ ရယ် မင်းတို့ စေတနာကို အဘတို့ တန်ဖိုးထားပါတယ်။ ဒါပေမဲ့ အဘတို့ မှာ မကြားရ၊ မမြင်ရလို့ စိတ်ဆင်းရဲရတယ်။ အလုပ်လဲရှုပ်တယ်။ နောက်မခေါ်ကြပါတော့နဲ့  လို့ ပြောပြီးရိပ်သာနဲ့ ဝေးလို့ မြေးလေးတွေပဲ ချီလို့ နေတော့တာပေါ့ဗျာ……….”
“ဟာဗျာ…..အခွင့်ကောင်းတွေ ဆုံးရှုံးကုန်ပြီပေါ့၊ အေးလေ ဒါကြောင့် အချိန်ရှိခိုက် လုံလစိုက် ဆိုတာ အဲဒါပြောတာပေါ့။ မိုးလွန်မှထွန်ချတော့လဲ အပင်မလှအသီးမရတော့ဘူးပေါ့ဗျာ……”
သူတို့ နှစ်ဦးစလုံး စိတ်မကောင်းစွာဖြင့် ငြိမ်နေမိကြတော့သည်။
အင်းတကော် ကားဂိတ်ကလေးမှာ ကားများစည်ကားလျက်ရှိသည်။ ညဦးပိုင်းလေးမို့ ရောင်းဝယ်ဖောက်ကားသူများလည်း လှုပ်လှုပ်ရှားရှား သွားသွားလာလာ။
ဦးငြိမ်းမင်းသည် ရန်ကုန်သို့ ပြောင်းရွှေ့ နေထိုင်ပြီးမှ သူ့ မိသားစုကို အင်းတကော်ပြန်ပို့ ကာ ရန်ကုန်မှာ တစ်ယောက်တည်းရုန်းကန်နေထိုင်သြူ
“ဦးသာဝင်း တောင်ကြီးကွဲကို ပြန်မှာလား……….”
မေးလိုက်၏။ ဦးသာဝင်းက ခေါင်းညိတ်ဖြေပြီး “ကဲ……….ခင်ဗျားလဲသွားလိုက်ဦး၊ ကျွန်တော်ပြောတာနဲ့ စိတ်ဓါတ်ကျမသွားပါနဲ့ ဦး” ဟုပြောလေသည်။
“သူကတော့ လေဖြတ်ထားလို့ သိပ်မသန်ပေမဲ့ နားတို့ မျက်စိတို့ က ကောင်းပါသေးတယ်
ဒါပေမဲ့ ညဏ်မျက်စိ၊ ညဏ်နားဝေးရင်မလွယ်ဘူးနော်၊ စိတ်ပျက်အောင် ပြောတာမဟုတ်ဘူး၊ ကြိုးစားကြည့်ဦးပေါ့”
လူချင်းခွဲပြီး ဦးငြိမ်းမင်းက ဦးရန်ပိုင်အိမ်ဘက် ထွက်လာခဲ့ပါသည်။
ရန်ကုန်ပြန်ရောက်သောရက်မှာ သူ့ မိတ်ဆွေ ဆရာကိုကျောက်ခဲ ခေါ် ဆရာကိုကျော်လင်း နှင့်ဆုံဖြစ်သည်။
“အစ်ကိုငြိမ်းမင်းကြီးရေ…….ကျွန
“ဘာလဲဗျ၊ ခင်ဗျားအမေ ဘာဖြစ်ပြန်ပြီလ”ဲ
“အမေလေဖြစ်သွားပြီဗျ၊ အိမ်မှာ ငိုငိုနေတယ်ဗျာ၊ ခင်ဗျားလာပြီး တရားဟောစမ်းပါဦး”
“ဟာ…….ဖြစ်မှဖြစ်ရလေဗျာ၊ ဒါဆို ကျွန်တော်လာကြည့်ပါဦးမယ်။ စိတ်မကောင်းဘူးဗျာ”
ဤသို့ ဖြင့် အားလပ်ချိန် ရသည်နှင့် ကျောင်းဆရာကိုကျော်လင်း အိမ်သွားကာ သူ့ မိခင်ကြီးနှင့် သင့်လျော်မည့်စကား၊ ကိုက်ညီမည့်တရား တို့ ကိုဟောပြောရလေသည်။
အစပိုင်းတွင် သူ့ အလုပ်နှင့်သူ ရှုပ်နေကြသော သားသမီးများနှင့် စကားပြောနေခွင့် မရှိသဖြင့် ဦးငြိမ်းမင်း နှင့်စကားပြော တရားဟောသည်ကို သူနှစ်လို၏။
နောက်ပိုင်းတွင်မူ သူကိုယ်တိုင်က
“လူလေးရယ်…..မောင်ငြိမ်းမင်းရယ်
အင်းတကော် ရောက်သောအခါ ဦးရန်ပိုင် ဆီဝင်လျှင်လည်း ဦးရန်ပိုင်က ဆီး၍ပြောပြန်ပါသည်။
“ကိုငြိမ်းမင်းရယ်…..တကယ်တမ်းကျ
ကုသိုလ်ရေးမို့ သာ အချိန်လုပြီး သူတို့ ဆီ သွားနေရပေမယ့် ဦးငြိမ်းမင်းမှာ ၀မ်းရေးအပြင် ၀ါသနာရေးကလည်း ရှိသေးလေရာ မအားမလပ်ရှိလှပါသည်။
သူတို့ ကိုယ်တိုင်က လက်လျှော့နေပြီမို့ အသာနောက်ဆုတ်၍ ရပ်ကြည့်နေမိတော့သည်။
ယခုတော့ သူတို့ တတွေ လောကကြီးထဲက ထွက်ခွာသွားကြပြီ။ သူတို့ နှင့်အတူ ဘာများယူဆောင်သွားနိုင်မည်နည်း။
ရေးသားသူ။ ။ မြသန်းလင်း
မြသန်းလင်း အမြင့်ဆုံးအမိုးအောက်က အရိပ်များဘ၀ရသ၀တ္ထုတိုစုစည်းမှု စာအုပ်မှကူးယူတင်ပြပါသည်။
၂၀-၈-၂၀၀၅
အဓိက
ယပ်တောင် ( ပန်ကာ )
ရောင်းသူတစ်ယောက်ဖြစ်ရင်လည်း
အိုက်စပ်မွန်းကြပ်တဲ့
ရာသီဥတုကို
တောင်းဆိုမိမှာ မဟုတ်ပါဘူး။
အနွေးထည် ( စောင် )
ရောင်းသူတစ်ယောက်ဖြစ်ရင်လည်း
အအေးဓါတ်ကြမ်းကြမ်း
ဆောင်းသရမ်းကို
တောင်းဆိုမိမှာ မဟုတ်ပါဘူး။
မျှတမှုနဲ့ 
ကမ္ဘာကိုထွေးပိုက်ချင်သူ
ဒီဇမ္ဗူမှာ
လူနှင့်အခြား သတ္တ၀ါ
အားလုံးချစ်ကြည်စွာ
နေထိုင်ခြင်းအတွက်
ငွေအများကြီးမလိုပါဘူး။
ရေးသားသူ။ ။မြသန်းလင်း
မြသန်းလင်း သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြပါသည်။
မဲ့ခြင်း၊ မမဲ့ခြင်း
အိုးမဲ့ အိမ်မဲ့ တစ်ယောက်ပေမဲ့
ကြင်နာတတ်တဲ့ နှလုံးသားမမဲ့ဘူး။
ချောက်ထဲကျနေတဲ့ တစ်ယောက်တွေ့ ရင်
သူ့ ပခုံးနဲ့ ထမ်းတင်ခဲ့လိမ့်မယ်။
အတတ်ပညာမဲ့ တစ်ယောက်ပေမဲ့
အသိတရားမမဲ့ဘူး။
သူ့ ဘ၀ခရီးအတွက်
အလုပ်သင့်ဆုံးအရာတွေကို သူသိနေတယ်။
အဖော်မဲ့ အသိုင်းအ၀ိုင်းမဲ့ပေမယ့်
တရားဓမ္မဆိုတဲ့ အဖော်တွေ ရှိနေတယ်။
ဒါကြောင့်.............
လောကသမုဒ်ပြင်ကို
ကျင်ကျင်လည်လည်ကူးဖြတ်ပြီး
ဘ၀သံသရာကို
လှလှပပကြီး
အနားသတ်နိုင်ခဲ့လိမ့်မယ်။ ။
ရေးသားသူ။ ။မြသန်းလင်း
မြသန်းလင်း သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြပါသည်။
ငြိမ်းချမ်းလွတ်ရာ
ရုပ်ဖျက်လာတဲ့
ဒုက္ခတွေ
"ဓမ္မ"ခြေရင်းမှာ
အကွဲကွဲ အပြဲပြဲ
ပြိုလဲရမလေ။
သူ့ အလုပ်သူလုပ်နေတဲ့ "ဓမ္မ"
ဘယ်သူ့ သဘောမှမလိုက်
စောင့်ကြည့်၊ သတိရှိစွာ
"ကိလေသာ" ဝေးကွာ
ဘေးဘယာရှင်းမှာ။
အရာရာမှာ
ဝတ်စားဆင်ယင်မှုအမျိုးမျိုးနဲ့ 
ထိုးထိုးထောင်ထောင်လုပ်နေတဲ့
"တဏှာ၊ မာန၊ ဒိဌိ" ဆိုတာတွေ
လာပါစေ................
"စောင့်ကြည့်၊ သတိ"
အရှိအတိုင်းသိရင်.....
"ငြိမ်းရာလွတ်ရာ" တွေ့ မလေ.....။ ။
ရေးသားသူ။ ။ မြသန်းလင်း
မြသန်းလင်း သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြပါသည်။
ပုရွက်ဆိတ် ဖြစ်သွားသော လူများ
အသက်တစ်ချောင်းဖြစ်ဖို့ ဆိုတာ
သတ္တ၀ါတိုင်းအတွက်
ခက်ခဲကြတာပါပဲလေ။
ပုရွက်ဆိတ်တစ်ကောင်နဲ့ စာရင်တော့
လူဖြစ်ဖို့ ကပိုခက်တာ
အားလုံးအသိပါ။
ဒါပေမဲ့..........
တချို့  တချို့ သော
ဒေသ၊ ကာလ
လူပုဂ္ဂိုလ်တွေရှေ့ မှာ
လူတော်တော်များများဟာ
ပုရွက်ဆိတ်ကလေးတွေ
ဖြစ်သွားကြတယ်။
ပုရွက်ဆိတ်ကလေးတွေကိုတော့
ဘယ်သူမှ
လူလောက် တန်ဖိုးမထားကြဘူး။
လူကိုသာ ပုရွက်ဆိတ်လောက်ပဲ
အောက်မေ့ကြသတဲ့။
ရေးသားသူ။ ။မြသန်းလင်း
မြသန်းလင်း သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြပါသည်။
တန်ဘိုးအမြင့်ဆုံးသို့ 
နောက်ဆုံး ရှင်သန်မှုရဲ့ 
စက္ကန့် ပိုင်း မရောက်သေးသမျှ
နောင်တနှင့်အတူ ရလာတဲ့အသိတရားဟာ
နောက်မကျသေးပါ။
အားလုံးဟာ
လောကအမြင်နဲ့ ညှိ
မှန်ကြည့်တတ်ဖို့ လိုပါတယ်။
ကိုယ်ပေါ်မှာ မှည့်စက်တွေ
အလုံးပေါင်း တစ်ထောင်ပြည့်ပါစေ
နှလုံးသားကိုတော့
မှည့်စက်တွေနည်းအောင်
စောင့်ရှောက်ရမှာပဲ။
နောင်မှ ရတဲ့နောင်တကို
တန်ဖိုးမဲ့ မဆိုချင်ပါ
အသိနဲ့ ကပ်လိုက်ပြီဆိုရင်
အဲဒီနောင်တဟာ ဘ၀တစ်ခုအတွက်
တန်ဖိုးအမြင့်ဆုံးသို့ ရောက်နိုင်ပါတယ်။ ။
ရေးသားသူ။ ။မြသန်းလင်း
မြသန်းလင်း သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြပါသည်။
Wednesday, July 3, 2013
ဖြိုသာဖြို ပြိုပါရဲ့ လား
နေခြည်နုတို့ က ကမ္ဘာမြေပြင်ကို ရှိုက်နမ်းလျက်၊ တစ်ဘက်လယ်ကွင်းစပ်ရှိ
ခင်တန်း (တောတန်း) လေး မှာ နှင်းလွှာပါးပါး လွှမ်းခြုံထားလျက်၊ တစ်ဘက်မှာ
ပဲခူး-ရန်ကုန်ကားလမ်းမနှင့် လယ်ကွင်းပြင်၊ ပြီးတော့ ခင်တန်း(တောတန်း)
လေးရှိနေပြန်သည်။ အဲဒီနှစ်ဘက်ကြား ၌ တောင်ကိုးလုံး ဟု အမည် တွင်သော
ဘုရားကုန်းတော်ရှိ၏။ ထိုဘုရားကုန်းတော် ၏ပြန့် ပြူးသောမြေကွက် တစ်နေရာတွင်မူသစ္စာလေး တန်ဖေါ် ထုတ်သော အေးချမ်းရိပ်ငြိမ် ကလေးတစ်ခုရှိ၏။ မနီးမဝေးမှာတော့ ဇရပ်အိုတစ်လုံးရှိနေသည်။ ထိုဇရပ်အို တွင် ဆွမ်းကွမ်းကိစ္စများ ဆောင်ရွက်နေသော လုပ်အားအလှူရှင် တချို
့ရှိကြသည်။ ထင်းခွဲသည်မှအစ စကားစမြည် ပြောခြင်းကိစ္စအထိ တိုးတိတ်ညင်သာ
သိမ်မွေ့ စွာပြုလုပ်ဆောင်ရွက်နေကြ၏။ ယနေ့ သည်
တောင်ကိုးလုံး မိုးကုတ်ရိပ်သာ၌ (၁၄) ကြိမ်မြောက်တရားစခန်းဖွင့်ပွဲ ကျင်းပမည့်နေ့ ဖြစ်သည်။သံဃာတော် များကို ဆွမ်းကပ်၍ ကြိုတင်ရောက်ရှိလာသော တရားစခန်းဝင်မည့်ယောဂီများနှင့်
ဖိတ်ကြားထားသော တရားနာ ပရိတ်သတ်တို့ ကတရားနာကြမည်။ ဤနေ့ ၏ညနေပိုင်းမှာပင်
အမရပူရမှ ကြွရောက်လာသော ဆရာတော်ဦးဇောလေးနှင့် ဦးမာလာ တို
့က တရားရေအေးတိုက်ကျွေးကြဦးမည်။ မနက်ဖြန်ဆိုလျှင် တရားစ၀င်ကြတော့မည်။ ကျွန်တော်သည်ရန်ကုန်မှလာရောက်၍ အချိန်ပိုင်းတရားစခန်းဝင်မည့်သူဖြစ်သည်။
ဖွင့်မဲ့ရက်တွင် စောစောကြွရောက်ရန် ဆရာတော်ကဖိတ်ထားသဖြင့် မနေ့ က ညဘက်ကပင်
ရိပ်သာသို့ ရောက်နှင့်နေ၏။ ကမ္မဌာန်းနည်းပြဆရာတော်လည်းဖြစ်၊ကျောင်းထိုင်ဆရာတော်လည်းဖြစ်သော ဆရာတော်ဦးဝိစိတ္တသီတင်း သုံးရာသိမ်ကျောင်းလေးမှာပင်အိပ်ခဲ့သည်။မနက်အာရုံဆွမ်းကပ်ရာတွင်ဝိုင်းဝန်း ကူညီဆောင်ရွက်ပြီး ကိုယ်တိုင်လည်းအာဟာရဖြည့်ဆည်းခဲ့ပြီ။ ယခုတော့ဘုရားကုန်းတော်ပေါ်မှာလှည့်ပတ်ရင်း ပတ်ဝန်းကျင်အနေအထားများကို ကြည်နူးခံစားနေမိ၏။
နွေဦး၏ နံနက်ခင်းမှာ အအေးဓါတ် အနည်းငယ် ရှိနေသေး၏။ ဘုရားကုန်းတော်နှင့် တစ်မိုင်အကွာ တွင်မူ အင်းတကော်မြို့ လေးသည် နှင်းဝတ်ခြုံလွှာပါးနှင့်လှုပ်ယိမ်းစပြုနေလေပြီ။ကားလမ်းမှကားသံများမတိုးမကျယ် ကြားနေရ၏။ သိမ်ကုန်းဘက်မှ စေတီများနှင့် ဓမ္မသိုက်စေတီဦး တို့ ကိုလှမ်း၍ဖူးမြင်နိုင်သည်။ပတ်ဝန်းကျင် ရှုခင်းများမှာ သဘာဝပန်းချီကားချပ်ကြီး များသဖွယ် ရှိတော့သည်။ အင်းရေ ဖွေးဖွေးကွက်ကွက်။ တကွက်နှင့် တကွက်၊ တအင်းနှင့်တအင်း
တခေါ်ဝေးသောကြောင့် အင်းတစ်ခေါ်ဟုတွင်ရာမှ အင်းတကော်ဖြစ်လာကြောင်း
သိမှတ်ရဘူး၏။ တောင်ကုန်းတောင်စွယ်များမှာ ပဲခူးရိုးမတောင်စွယ် များဖြစ်သည်ဟု ဆိုကြသည်။ အင်းတကော်မြို့ လေးသည် ထိုတောင်ကုန်းတောင်စွယ်များပေါ်၌ တည်ထားခြင်းဖြစ်လေသည်။ နေချင့်စဖွယ် ကောင်းလှပါ၏။ မိုးရွာလျှင် ရေတင်စရာချိုင့်ဝှမ်းများသည်
ရတနာသုံးပါး၏အရိပ်၌ခိုလှုံသူများပီပီစိတ်ကောင်းစေတနာရှိကြသည်။ ယခုကျွန်တော်ရောက်ရှိနေသော
တောင်ကိုးလုံးမိုးကုတ်ရိပ်သာကိုစတင်တည်ထောင်သောမိုးကုတ်ဝိပဿနာအသင်းနှင့် စေတနာရှင်များမှာ အင်းတကော်မြို့ လေးမှပင်ဖြစ်ကြလေသည်။ ပဲခူးမြို့ မြို့ မကျောင်းတိုက်အုပ်ဆရာတော်ဦးဂန္ဓမာ ဦးစီး၍ ဦးဝိစိတ္တ ဆရာတော်တို့ ၏ သြ၀ါဒခံယူပြီး ဤရိပ်သာအကျိုးကို ဆောင်ရွက်နေကြခြင်းဖြစ်သည်။
ယနေ့ (၁၄)ကြိမ်မြောက် တရားစခန်းဖွင့်ပွဲတွင် ဆရာတော်ဦးဂန္ဓမာ ကိုယ်တော်တိုင် တရားရေအေး တိုက်ကျွေးမည် ဖြစ်ကြောင်ြး ကိုတင်ကြေငြာထားသောကြောင့် တရားနာကြားလိုသော သဒ္ဒါစိတ်တို့  ယိုဖိတ်လျက်ရှိသည်။ ကျွန်တော်သည်ရိပ်သာ ဘက်သို့ တရားမှတ်၍ လျှောက်လာခဲ့၏။ မကြာမီ သံဃာတော်များအား ဆွမ်းကပ်လှူပြီး ဧည့်ခံကျွေးမွေးကြလိမ့်မည်။ ပြီးလျှင် ခေတ္တနားနေပြီးတရားပွဲစမည်။
စိတ်ဆန္ဒက တရားပွဲဆီသို့ သာ ကြိုတင်မှန်းဆနေမိသည်။ ရိပ်သာရှေ့ ရှိမဏ္ဍပ်တွင်း၌ မူတရားစခန်း ၀င်ကြမည့် ရဟန်းတချို့ နှင့်ယောဂီဒကာ၊ ဒကာမများစာရင်းပေးသွင်းခြင်း၊ အလှူငွေ ထည့်ဝင်ခြင်း များ ပြုနေကြသည်။ တာဝန်ရှိသူများက ဆရာတော်နှင့် ညှိနှိုင်းဆောင်ရွက်ပေးကြသည်။ နေရာထိုင်ခင်းများ ချထားပေးလျက်ရှိ၏။အစစအရာရာအဆင်ပြေအောင်စီမံပေးနေကြသည့်ကြားမှာပင် နေရာထိုင်ခင်းစိတ်တိုင်း
မကျမှုကြောင့်
စီစဉ်သူများကို ပြစ်တင်ပြောဆိုသံတွေထွက်လာသည်။ နေရာထိုင်ခင်းကိစ္စမှာ သူတို
့တည်းခို လိုသောနေရာမရခြင်း၊ သူတို့ ဓမ္မမိတ်ဆွေများနှင့်တကွဲတပြားစီနေရခြင်း၊ နီးနီးကပ်ကပ်မနေလိုသူနှင့်
နေရခြင်းစသည်တို့ ဖြစ်သည်။ ကျွန်တော်သည် ထိုသို့ သော မကျေလည်မှုများကို သီးခံနိုင်စွမ်း မရှိကြသေးသော သူတို့ နှင့်၊ တရားစခန်း ၀င်သည့်အခါမှာပင် လက်ဝတ်လက်စားရွှေ၊ ငွေ၊ ရတနာ တို့ ကိုခေတ္တခွဲမထားနိုင်ပဲ၊ တပြောင်ပြောင်တလက်လက်လုပ်နေကြသူ ယောဂီအချို့ ကိုကြည့်ကာ
စိတ်ဓါတ်ကျမိသည်။သည်လိုပုံစံအတိုင်းသာဆိုလျှင် ကိလေသာတောင်ထုကြီးတွေကို ဘယ်လိုဖြိုနိုင်မှာလဲ။ အတွေးနှင့်အတူ သက်ပြင်းမောတွေချနေမိပါသည်။ မကြာမီသံဃာတော်များဆွမ်းစားဆောင်သို
့ကြွသွားတော်မူနေကြသည်ကိုတွေ့ ရသဖြင့် လိုအပ်သည်များ ၀ိုင်းကူဆောင်ရွက်ပေးရန် နောက်မှ လိုက်ပါသွားမိ၏။ ဆွမ်းစားဆောင်တွင် ဆွမ်းကပ်မည့် ဒကာ၊ ဒကာမများ တိုးတိုးခွေ့ ခွေ့ ဖြစ်နေကြသဖြင့် ကျွန်တော်တစ်ယောက်ဝင်လိုက်လျှင်ပိုပြီးတိုးခွေ့ နေကြမည်ဟုတွေးကာဆွမ်းစားဆောင်မှ ပြန်ဆင်းလာသည်။
သိမ်ကျောင်းထဲတွင် လူရှင်းနေသည်ကိုတွေ့ ရ၍၀င်ခဲ့ရာဆရာတော်ဦးဂန္ဓမာကိုကားမောင်းပို့ သူဒကာတော် ဦးစိန်လှိုင်နှင့်တွေ့ ၏။ ရေနွေးဝိုင်းထိုင်ရင်း စကားစမြည်ပြောဖြစ်သည်။ ခဏအကြာတွင် “ဧည့်သည်များထမင်းစားရန်ကြွပါ” ဟု လူရွယ်တစ်ယောက်လာရောက်ဖိတ်ခေါ်၏။ ဦးစိန်လှိုင် ကကျွန်တော့်ကိုပါ ထမင်းစားကြွရန်
ဖိတ်ခေါ်သဖြင့် လိုက်လာခဲ့မိသည်။ လှေခါးအရောက်မှာ ဤပွဲ၌
တွင်ကျယ်နေရာယူလျှက်ရှိသော ညီအစ်မက “ဦးစိန်လှိုင် ထမင်းစားကြွပါ၊
ဦးစိန်လှိုင်” ဟုကျယ်လောင်စွာ ဖိတ်ခေါ်နေသည်။ သူတို့ နှစ်ယောက်က
ကျွန်တော်လိုက်လာသည်ကို မလိုလားဟန်ရှိသည်။
ကျွန်တော်က လှေကားမှပြန်ဆင်းရန် ဟန်ပြင်သောအခါ ဦးစိန်လှိုင်က
လက်ကိုဆွဲထားသည်။ ထမင်းဝိုင်း နားမှာရပ်နေသူဒကာတစ်ဦးကလည်းကျွန်တော့်ကိုလက်ဟန်ခြေဟန်ဖြင့်ဖိတ်ခေါ်နေသည်။ ကျွန်တော်ခြေလှမ်း တုန့် နေစဉ်မှာပင်………“ဦးစိန်လှိုင်ကိုခေါ်တာ ထမင်းစားကြွပါ” ဟုကျွန်တော့်ကိုမလိုလားဟန်ပြနေသော ညီအစ်မက အသံထပ်ပြုပြန်သည်။ ကျွန်တော်သည် ဤရိပ်သာ၌ လူရင်းလိုဖြစ်နေသောကြောင့် ဧည့်သည်ကို ဦးစားပေးခေါ်ခြင်းဖြစ်လိမ့်မည်ဟု တွေးကာပြန်ဆင်းမည်ပြုပြန်တော့လည်း
စားပွဲဝိုင်းနားတွင် ထိုင်နေသူအချို့ က “ဟေ့…………ဆရာ၊ ဘယ်လိုဖြစ်နေတာလဲ၊
လာထိုင်စမ်းပါ………” ဟုလှမ်းခေါ်ကြ၏။ သူတို့ လည်းအင်းတကော်သားများပင်ဖြစ်ကြ၏။
ဧည့်သည်ကိုသာကျွေးမည်ဆိုလျှင် ထိုသူများဤ၀ိုင်းတွင် ရှိနေစရာမလို။
အဘယ့်ကြောင့် ကျွန်တော့်ကိုမှရွေး၍ မလိုလားဟန်ပြုနေပါသနည်း။
ကျွန်တော် မစဉ်းစား တတ်တော့။ ဤလို အလှူဒါနပြုသည့်နေရာတွင် အဘယ့်ကြောင့်
စေတနာတွန့် တိုလျှက်ရှိကြပါသနည်း။ ကျွန်တော်သည် စိတ်ထဲ မအီမသာနှင့်ပင်
ထမင်းစားခဲ့ရသည်။ နောင်တွင် ဤလိုမဖြစ်ရလေအောင် ရန်ကုန်မှပင် ထမင်းဗူး၊ထမင်းချိုင့်ယူဆောင်လာခဲ့မည်ဟုစိတ်မှာပိုင်းဖြတ်မိ၏။သိမ်ကျောင်းပြန်ရောက်သော အခါ ဆရာတော်ဦးဝိစိတ္တ ချပေးသော ဖျာနှင့်ခေါင်းအုံးကိုယူကာ ခေတ္တနားနေမှေးစက်လိုက်သည်။ သို
့တိုင် စိတ်မှာလေးလံနေလေသည်။ အေးငြိမ်းမှုရှာရန် ရိပ်သာသို့ လာခါမှ
ပူလောင်မှုနှင့်ကြုံရလေသည်။ “ထမင်းဆိုင်တွေကလည်းနဲနဲ လှမ်းနေလို့ ပေါ့၊ နို
့မို့ ဆိုရင်ဆိုင်မှာသွားစားပါတယ်” လို့ ရင်ထဲ မှာပြော ဆိုနေမိသည်။ကျွန်တော်သည်အစားတလုပ်ဖြင့်ဘယ်သူ့ အငြိုငြင်ကိုမှခံလိုသူမဟုတ်။မာနစိတ်ကထောင်ထ လာသည်။ ဆရာတော်ကြီး၏ အခွေမှာနာကြားရသည့်အတိုင်းဘာလာလာဖြစ်ပျက်ရှုကာစိတ်ကိုတည်ငြိမ်စေ ရသည်။ မာနပါးပြင်းများကို ပယ်ဖျက်ရသည်။ တမှေးမှိတ်ပြီး မျက်စိပွင့်လာသောအခါတရားပွဲစတော့မည်မို့  သိမ်ကျောင်းထဲတွင် ကျွန်တော်တယောက်တည်းသာ ရှိနေတော့သည်။ ဖျာနှင့်ခေါင်းအုံးကိုသိမ်းပြီး
မျက်နှာသစ်ကာ သိမ်ကျောင်းထဲမှထွက်လာခဲ့သည်။ ရိပ်သာခန်းမထဲတွင်သံဃာတော်များနှင့်ဧည့်ပရိသတ် အပေါင်းတို့ ရောက်ရှိနေကြပြီ။ ဖွင့်ပွဲအစီအစဉ်များကို ကြေငြာကာ(၁၄) ကြိမ်မြောက်
တရားစခန်း ဖွင့်လှစ်ကြောင်းကြေငြာသည်။
ကျွန်တော်လည်းဘုရားဝတ်ပြု၍သင့်လျော်သောနေရာ၌ကျုံ့ ကျုံ့ ထိုင်နေ၏။
မျက်လုံးထဲမှာမူ ကျွန်တော့်ကိုမလိုလားဟန်ပြုသူ ညီအစ်မ၏မျက်နှာ
စူပုတ်ပုတ်တွေပြန်ပေါ်လာပြန်သည်။
အစီအစဉ်များ တစ်ခုပြီးတစ်ခု ပြုလုပ်နေရာ ဆရာတော်ဦးဂန္ဓမာက တရားစခန်းဖွင့်ပွဲနှင့်ပတ်သက်သော တရားဟောရန်အလှည့်ကျရောက်လာ၏။ ပုလ္လင်ပေါ်မှ ဆရာတော်သည်အေးဆေးတည်ငြိမ်လေသံဖြင့် စတင်ဟောကြားလေတော့သည်။
“ဒကာကြီးတို့ ၊ ဒကာမကြီးတို့ - ဒီနေ့ ဟာတောင်ကိုးလုံးမိုးကုတ်ဝိပဿနာရိပ်သာကြီးရဲ့  (၁၄)ကြိမ်မြောက် ဆိုတော့ဆယ့်လေးကြိမ်နဲ့ ညီမျှတဲ့ အကျိုးသက်ရောက်မှု ရှိကြမှာပေါ့နော် ဘုန်းကြီးတို့  တရားစခန်းမှာ တရားလာအားထုတ်ကြတဲ့ယောဂီတွေ -
ရွာထဲရပ်ထဲပြန်တော့ဘေးလူတချို့ က စောင့်ကြည့်နေကြတယ်။ သူတို
့တရားစခန်းဝင်ကြတာဘာတွေများ ထူးခြားလဲလို့ ပေါ့လေ………..။ ကြည့်တော့လည်း
ဘာမှ ထူးခြား တာမတွေ့ အင်း….. သူတို့ တရားစခန်းဝင်တာကလည်း လူအထင် ကြီးရုံပါပဲ ……….လို့ တချို့ က မှတ်ချက် ချကြသတဲ့။ ယောဂီတို
့ကိုယ်တိုင်ကလည်း ကိုယ့်ကိုကိုယ်……….ငါတို့ တရားစခန်းဝင်တာလည်း
ဘာမှ မထူးခြား ပါလား ဆိုပြီးစိတ်ပျက်ကြသတဲ့။ ဒီမှာ ဘုန်းကြီးက ဥပမာလေးတစ်ခု ဆောင်ပြီးပြောလိုတယ်
ဘုန်းကြီးတို့ အဝေးမှာ မြင်နေရတဲ့ တောင်ကြီးကိုသွားရောက်ပြီးသကာလ………ပေါက်ပြားနဲ
့ဆယ့်လေး ချက်ပေါက်ပြီး မြေကိုဖယ်ရှားကြည့်ပါ။ ပြီးတော့တောင်ကြီးကိုအဝေးက
ပြန်ကြည့်ဘာမှမထူးဘူး။ တောင်ကြီး
ကဒီအတိုင်းပါပဲ။ဒါပေမဲ့ တောင်ကြီးထဲမှာ ပေါက်ပြား၁၄ချက်စာလျော့သွားတာကိုယ်တွေ့ ပဲမို့ လား။ အေး…
အဲဒီလိုပဲ…..ယောဂီတို့ ရဲ့  ကိုယ်ခန္ဓာထဲမှာတစ်သံသရာလုံးတက်လာတဲ့ကိလေသာ တောင်ထုကြီးဟာ
တော်ရုံတန်ရုံတော့ ဘယ်ဖြိုလို့ ရပါ့မလဲ။ ၁၄ ကြိမ်မြောက် ၀င်ထားတဲ့ တရားဟာ ………တောင်ကြီး ကိုပေါက်ပြားနဲ့ ၁၄ချက်ပေါက်ပြီးဖြိုလိုက်သလိုပါပဲ။ကိလေသာထုတွေကိုဖြိုမှာသေချာပါတယ်။ တောင်ကြီး
ကိုအဝေးကကြည့်တော့ ဘာမှမထူးခြား သလိုပဲ။ ယောဂီရဲ့  ကိုယ်ခန္ဓာကြီးကို ဘေးကကြည့်တော့ ဘာမှ မထူးခြားဘူးပေါ့။တကယ်တော့ထူးခြားပါတယ်။၁၄ကြိမ်မြောက်အထဲဝင်ထားတဲ့တရားတွေဟာသံသရာစက်ရ
ဟတ်ကြီးကို ဖြတ်တောက်နိုင်တဲ့တရားတွေပါ ယောဂီအပေါင်းတို့ ။လုပ်စရာရှိတာဆက်လုပ်ကြ။ ဘေးအမြင်နဲ့ နားမယောင်နဲ့ ။ မိမိကိုယ်ကို မိမိစိတ်ဓါတ်မကျနဲ
့။ အားမလျှော့နဲ့ ။ တရားစခန်းဝင်ဖူးတဲ့ သူနဲ့ မ၀င်ဖူးတဲ့သူ ဘယ်နေရာ ကွာလဲဆိုတော့ဝင်ဖူးတဲ့သူ ကဒေါသဖြစ်လဲခဏဘဲ၊ တရားနဲ့ ဆင်ခြင်လိုက်ရင် လောဘ၊ ဒေါသ၊
မောဟ
တွေလျော့သွားတယ်။မ၀င်ဖူးတဲ့သူကသစ္စာတရားမနာကြားဖူးသေးတော့အထိမ်းအကွပ်မရှိတဲ့သဘောကြောင့် လက်လွန်ခြေလွန် ရေရှည်ဖြစ်တတ်တယ်” ဆရာတော် ဆက်ဟောနေသည်ကိုကြားသော်လည်း အသိစိတ်ကထမင်းစားရန်ဆွမ်းစားကျောင်းဆောင်သို့ သွားစဉ်ကအဖြစ်ကလေးကိုပြန်သတိရနေပြန်သည်။ ဆရာတော်ဟော သလိုပင် အစောက ဒေါသစိတ်များ လွင့်စင်ကာ ထိုညီအစ်မကို မေတ္တာဖြင့် သနားနေမိပြန်သည်။ နေရာချထားရာတွင် စိတ်တိုင်းမကျ၍ ပြစ်တင်ဝေဖန်နေကြသော ယောဂီများကိုလည်း
သွားသတိရမိ၏။ သူတို့ လည်း တရားစခန်းဝင်ဖူးသူတွေပဲလေ…….. ခုလောက်ဆို သူတို
့ဒေါသေ တွပြေပျောက်နေကြရောပေါ့ ဟုအောက်မေ့ကာ သူတို့ ရှိရာဘက်သို
့လှမ်းကြည့်မိ၏။ သူတို့ လည်း တည်ငြိမ်အေး ချမ်းစွာဖြင့်
တရားနာလျက်ရှိကြလေသည်။ အော်…….တစ်သံသရာလုံးက ထူတက်လာတဲ့ ကိလေသာတောင်ထုကြီးဟာ ပြိုတန်သရွေ့ ပြိုနေပြီပေါ့လေ။
(ဆရာတော်ဦးဂန္ဓမာနှင့်ဦးဝိစိတ္တတို့ ကိုဤ၀တ္ထုဖြင့်ပူဇော်ပါသည်။)
၁၀-၂-၂၀၀၅
ရေးသားသူ။ ။ မြသန်းလင်း
မြသန်းလင်း အမြင့်ဆုံးအမိုးအောက်ကအရိပ်များ ဘ၀ရသ၀တ္ထုတိုစုစည်းမှု စာအုပ်မှကူးယူတင်ပြပါသည်။
တောင်ကိုးလုံး မိုးကုတ်ရိပ်သာ၌ (၁၄) ကြိမ်မြောက်တရားစခန်းဖွင့်ပွဲ ကျင်းပမည့်နေ့ ဖြစ်သည်။သံဃာတော် များကို ဆွမ်းကပ်၍ ကြိုတင်ရောက်ရှိလာသော တရားစခန်းဝင်မည့်ယောဂီများနှင့်
နွေဦး၏ နံနက်ခင်းမှာ အအေးဓါတ် အနည်းငယ် ရှိနေသေး၏။ ဘုရားကုန်းတော်နှင့် တစ်မိုင်အကွာ တွင်မူ အင်းတကော်မြို့ လေးသည် နှင်းဝတ်ခြုံလွှာပါးနှင့်လှုပ်ယိမ်းစပြုနေလေပြီ။ကားလမ်းမှကားသံများမတိုးမကျယ် ကြားနေရ၏။ သိမ်ကုန်းဘက်မှ စေတီများနှင့် ဓမ္မသိုက်စေတီဦး တို့ ကိုလှမ်း၍ဖူးမြင်နိုင်သည်။ပတ်ဝန်းကျင် ရှုခင်းများမှာ သဘာဝပန်းချီကားချပ်ကြီး များသဖွယ
တောင်ကိုးလုံးမိုးကုတ်ရိပ်သာကိုစတင်တည်ထောင်သောမိုးကုတ်ဝိပဿနာအသင်းနှင့် စေတနာရှင်များမှာ အင်းတကော်မြို့ လေးမှပင်ဖြစ်ကြလေသည်။ ပဲခူးမြို့ မြို့ မကျောင်းတိုက်အုပ်ဆရာတော်ဦးဂန
ယနေ့ (၁၄)ကြိမ်မြောက် တရားစခန်းဖွင့်ပွဲတွင် ဆရာတော်ဦးဂန္ဓမာ ကိုယ်တော်တိုင် တရားရေအေး တိုက်ကျွေးမည် ဖြစ်ကြောင်ြး ကိုတင်ကြေငြာထားသော
စိတ်ဆန္ဒက တရားပွဲဆီသို့ သာ ကြိုတင်မှန်းဆနေမိသည်။ ရိပ်သာရှေ့ ရှိမဏ္ဍပ်တွင်း၌ မူတရားစခန်း ၀င်ကြမည့် ရဟန်းတချို့ နှင့်ယောဂီဒကာ၊ ဒကာမများစာရင်းပေးသွင်းခြင်း၊ အလှူငွေ ထည့်ဝင်ခြင်း များ ပြုနေကြသည်။ တာဝန်ရှိသူများက ဆရာတော်နှင့် ညှိနှိုင်းဆောင်ရွက်ပေးကြသည်။ နေရာထိုင်ခင်းများ ချထားပေးလျက်ရှိ၏။အစစအရာရာအဆင်ပြေအောင်စီမံပေးနေကြသည့်ကြားမှာပင် နေရာထိုင်ခင်းစိတ်တိုင်း
မကျမှြုေ
နေရခြင်းစသည်တို့ ဖြစ်သည်။ ကျွန်တော်သည် ထိုသို့ သော မကျေလည်မှုများကို သီးခံနိုင်စွမ်း မရှိကြသေးသော သူတို့ နှင့်၊ တရားစခန်း ၀င်သည့်အခါမှာပင် လက်ဝတ်လက်စားရွှေ၊ ငွေ၊ ရတနာ တို့ ကိုခေတ္တခွဲမထားနိုင်ပဲ၊ တပြောင်ပြောင်တလက်လက်လုပ်နေကြသူ ယောဂီအချို့ ကိုကြည့်ကာ
စိတ်ဓါတ်ကျမိသည်။သည်လိုပုံစံအတိုင်းသာဆိုလျှင် ကိလေသာတောင်ထုကြီးတွေကို ဘယ်လိုဖြိုနိုင်မှာလဲ။ အတွေးနှင့်အတူ သက်ပြင်းမောတွေချနေမိပါသည်။ မကြာမီသံဃာတော်များဆွမ်းစားဆောင်သို
့ကြွသွားတော်မူနေကြသည်ကိုတွေ့ ရသဖြင့် လိုအပ်သည်များ ၀ိုင်းကူဆောင်ရွက်
အစီအစဉ်များ တစ်ခုပြီးတစ်ခု ပြုလုပ်နေရာ ဆရာတော်ဦးဂန္ဓမာက တရားစခန်းဖွင့်ပွဲနှင့်ပတ်သက်သေ
“ဒကာကြီးတို့ ၊ ဒကာမကြီးတို့ - ဒီနေ့ ဟာတောင်ကိုးလုံးမိုးကုတ်ဝိပဿနာ
ဘုန်းကြီးတို့ အဝေးမှာ မြင်နေရတဲ့ တောင်ကြီးကိုသွားရောက်ပြီးသကာလ…
ကဒီအတိုင်းပါပဲ။ဒါပေမဲ့ တောင်ကြီးထဲမှာ ပေါက်ပြား၁၄ချက်စာလျော့သွားတာကိုယ်တွေ့ ပဲမို့ လား။ အေး…
အဲဒီလိုပဲ…..ယောဂီတို့ ရဲ့  ကိုယ်ခန္ဓာထဲမှာတစ်သံသရာလုံးတက်လာတဲ့ကိလေသာ တောင်ထုကြီးဟာ
တော်ရုံတန်ရုံတော့ ဘယ်ဖြိုလို့ ရပါ့မလဲ။ ၁၄ ကြိမ်မြောက် ၀င်ထားတဲ့ တရားဟာ ………တောင်ကြီး ကိုပေါက်ပြားနဲ့ ၁၄ချက်ပေါက်ပြီးဖြိုလိုက်သလိုပါပဲ။ကိလေသာထုတွေကိုဖြိုမှာသေချာပါတယ်။ တောင်ကြီး
ကိုအဝေးကကြည့်တော့ ဘာမှမထူးခြား သလိုပဲ။ ယောဂီရဲ့  ကိုယ်ခန္ဓာကြီးကို ဘေးကကြည့်တော့ ဘာမှ မထူးခြားဘူးပေါ့။တကယ်တော့ထူးခြားပါတယ်။၁၄ကြိမ်မြောက်အထဲဝင်ထားတဲ့တရားတွေဟာသံသရာစက်ရ
ဟတ်ကြီးကို ဖြတ်တောက်နိုင်တဲ့တရားတွေပါ ယောဂီအပေါင်းတို့ ။လုပ်စရာရှိတာဆက်လုပ်ကြ။ ဘေးအမြင်နဲ့ နားမယောင်နဲ့ ။ မိမိကိုယ်ကို မိမိစိတ်ဓါတ်မကျနဲ
တွေလျော့သွားတယ်။မ၀င်ဖူးတဲ့သူကသစ္စာတရားမနာကြားဖူးသေးတော့အထိမ်းအကွပ်မရှိတဲ့သဘောကြောင့် လက်လွန်ခြေလွန် ရေရှည်ဖြစ်တတ်တယ်” ဆရာတော် ဆက်ဟောနေသည်ကိုကြားသော်လည်း အသိစိတ်ကထမင်းစားရန်ဆွမ်းစားကျောင်းဆောင်သို့ သွားစဉ်ကအဖြစ်ကလေးကိုပြန်သတိရနေပြန်သည်။
(ဆရာတော်ဦးဂန္ဓမာနှင့်ဦးဝိစိတ္တ
၁၀-၂-၂၀၀၅
ရေးသားသူ။ ။ မြသန်းလင်း
မြသန်းလင်း အမြင့်ဆုံးအမိုးအောက်ကအရိပ်များ
Tuesday, July 2, 2013
ဆန်ကောထဲက ဇီးဖြူသီးသုံးလုံး
ကျွန်တော်တို
့သုံးယောက်ထဲမှာ ကျောင်းဆရာ ကိုမင်းသူကအရပ်အမြင့်ဆုံး။ ကျွန်တော်နှင့်ကိုသိန်းလွင်
ကအရပ်ပုကြသည်။ အ၀ဆုံးကတော့ ကိုသိန်းလွင်။ အပုဆုံးကလည်း ကိုသိန်းလွင်။
အချမ်းသာဆုံးကလည်း ကိုသိန်းလွင်။ သူကမိဘရင်းက ချမ်းသာသည့်အပြင် သူ့ ကိုမွေးစားသော
ဒေါ်ကြီးကလည်း ချမ်းသာသည်။ မိရင်းဖရင်း နှင့်မွေးစားမိဘ နှစ်ဦးစလုံးမှာက ဒီသား
တစ်ယောက်တည်းရှိသည်။ နှစ်ဦးစလုံးကပင် သူ့ ကိုချစ်ကြ အလိုလိုက်ကြသည်။ ကျွန်တော်တို
့သုံးယောက်စလုံးမှာ ဆယ်တန်းမှာ သံသရာလည်နေကြသူတွေဖြစ်သည်။
ကိုမင်းသူမိဘက
ဆင်းရဲ၍ ရေခဲချောင်းရောင်းပြီး ကျောင်းတက်ရာမှ ဆယ်တန်း(ခ)စာရင်းနှင့်အောင်၍
ကျောင်းဆရာဝင်လုပ်နေရသည်။ ဆယ်တန်း(က)နှင့်အောင်ပြီး ပညာရေးဆုံးခန်းတိုင်ရန်
မျှော်မှန်းကာ ဆယ်တန်းဆက်ဖြေသော်လည်း (ခ)နှင့်ပင်ပြန်ပါနေ၏။
ကိုသိန်းလွင်ကတော့မျက်စိအားနည်းသူ
မျက်မှန်ထူထူတပ်ထားရသူဖြစ်ပြီး ဆယ်တန်းဖြေခါနီးတိုင်းဆိုသလို မျက်စိဝေဒနာနှင့်
စာမကျက်နိုင်။ ဆယ်တန်းသံသရာလည်နေဆဲ။
ကျွန်တော်ကတော့
ကိုယ်ထူကိုယ်ထ၊ ကိုယ့်ဒူးကိုယ်ချွန်သမားဖြစ်၍ ဆယ်တန်းဖြေခါနီးတိုင်း အလုပ်ရှုပ်ခါ
စာကျက်ချိန်မရ။ တစ်ဘာသာကျ၊ နှစ်ဘာသာကျ နှင့်ဆယ်တန်းသံသရာလည်နေ၏။
သည်သုံးယောက်ထဲမှာ
ပထမဦးဆုံး ဆယ်တန်းသံသရာမှ လွတ်မြောက်၍ ရန်ကုန်တက္ကသိုလ်တွင် ပညာဆက်သင်နိုင်သူမှာ
ကိုသိန်းလွင်ပင်ဖြစ်၏။ သူကျောင်းပြီးသည့်တိုင် ကိုမင်းသူနှင့် ကျွန်တော့်မှာ
ဆယ်တန်းသံသရာမှ မလွတ်မြောက်ကြသေး။
ကျွန်တော်တို
့သုံးယောက်ထဲမှာတော့သူက ကံအကောင်းဆုံး။ သူ့ ကိုအားကျနေရသည်။ မိဘကလည်း ချမ်းသာကြ၍
ကျောင်းပြီးသည်နှင့် ဌာနကြီးတစ်ခုမှာ အလုပ်ရသည်။ သူဝါသနာ ပါရာ ဂီတလိုက်စားရန်လည်း
ထိုဌာနကြီးမှာ ဂီတ၀ိုင်းအသင့်ရှိနေသည်။
တလောကလုံးနှင့်မယှဉ်လိုပေမယ့်
ကျွန်တော်တို့ သုံးယောက် ထဲမှာတော့ သူကပန်းခင်းလမ်းကို လျှောက်နေရသူ။
ကံအကောင်းဆုံး။
ကိုမင်းသူမှာလည်း
မိအို၊ ဖအိုများနှင့် ညီငယ် ညီမငယ် တို့ ကိုထောက်ပံ့နေရသော မူလတန်းပြ
ကျောင်းဆရာလေးဖြစ်သည်။ ပဲခူးမြို့ နယ် တွင်းရှိ အရပ်ရပ်သို့ လှည့်လည်
ပြောင်းနေရသူ။ သို့ သော်ဆယ်တန်းဆက်ဖြေရန် အခွင့်အလမ်းများကတော့
ကျွန်တော့်ထက်သာသည်။ ကျွန်တော်ကတော့ ရှပ်ဆိုင်တစ်ဆိုင်နှင့် ဘ၀ကို
ရုန်းကန်လှုပ်ရှားနေသူ။ ကျောင်းစာနှင့် မန်ီးစပ်သောအလုပ်မို့ ကျောင်းကိစ္စများ
ဆောင်ရွက်ရန် အခက်ကြုံနေရသည်။ ၀ါသနာပါသောစာပေအတွက် စာဖတ် စာရေးရန်
ပင်အခက်အခဲများစွာရှိလေသည်။ သုံးယောက်ထဲမှာ အဆင်းရဲဆုံးကတော့ကျွန်တော်။
ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ သုံးယောက်စလုံးသည်ဆန်ကောဟောင်းကြီးတစ်ခုထဲ
ထည့်လှိမ့်ခံနေရသော လောကဓံရဲ့ လူးလှိမ့်ခြင်းကိုခံနေရသူများပင်။
ဘယ်လိုပင်လှိမ့်လှိမ့် သုံးယောက်စလုံးက လူလွတ်များဖြစ်ကြ၍ သားကျွေးမှု၊
မယားကျွေးမှုတွေ မရှိသည်ကတစ်ကြောင်း၊ အရွယ်တွေကလည်း ငယ်ကြသေးသည်မို
့ပျော်ပျော်ပင်နေတတ်ကြပါသည်။ သုံးယောက်စလုံးပင် စာပေ၀ါသနာပါရာ၌ တူညီနေကြသောကြောင့်
ဆုံကြပြီဆိုရင် စာပေအကြောင်း၊ ရုပ်ရှင်၊
ဂီတအကြောင်းစုံအောင်ပြောဆိုဆွေးနွေးခြင်းဖြင့် အချိန်ကုန်ခဲ့ကြရသည်။
တစ်ချို
့ညများကျွန်တော့်ရှပ်ဆိုင်ကလေးအနီးရှိ ဗားဒံပင်ရိပ်မှာ ထိုင်ခုံများချပြီး
ဂီတ၀ိုင်းလေး ဖွဲ့ ဖြစ်သည်လည်း ရှိ၏။ ကိုမင်းသူနှင့် ကျွန်တော်ကအဆိုသမား၊
ကိုသိန်းလွင်ကမယ်ဒလင်အတီးကောင်းသူ။ ကျွန်တော်တို့ နှုတ်ဖျားမှာ တဖွဖွ ဆိုနေကျ။
သီချင်းတွေကတော့ ကိုတင်လှိုင်၊ ကိုသန်းလှိုင်၊ စန္ဒယားချစ်ဆွေ၊ စန္ဒယားထွန်းညွန့် ၊
စန္ဒယားလှထွဋ်၊ ကိုကျော်ညွန့် ၊ ကျော်ဇောလေး၊ သန်းဖေလေး၊ မျိုးမြင့်လေး၊
မြန်မာ့အသံမှ လွှင့်တတ်သော သီချင်းများဖြစ်သည်။
ကိုယ်ပိုင်ခံစားမှုများနှင့်
တိုက်ဆိုင်၍ဆိုသည်လည်းပါ၊ သီချင်းကြိုက်၍ဆိုသည်လည်းပါပါ၏။
ကျွန်တော်တို
့သုံးယောက်စလုံး ရင်တွင်းဖြစ် ဇာတ်လမ်းလေးတွေလည်း ဟိုတစ်စ၊ သည်တစ်စရှိကြသည်။
ထိုခံစားချက်ကိုယ်စီဖြင့် ဝေဒနာခြေရာဆန့် ခြင်းသဘောလည်းပါ ဂီတ၀ါသနာကလည်း
ကြီးကြသူများဖြစ်၍ သံစဉ်များထဲမှာ ဝေဒနာများကို မျှောချလိုက်ကြသည်။
ရင်မှာပေါ့ပါးသွားကြသည်။
နည်းနည်းညဥ့်နက်လာပြီဆိုရင်တော့
စာပေဆွေးနွေးဝိုင်းလေးဖြစ်လာတတ်သည်။
ဆွေးနွေးရင်းအချိန်တွေတဖြည်းဖြည်းကုန်ကာမနက်လေးနာရီလောက်မှလူချင်းခွဲတတ်ကြသည်။
တရေးတမောအိပ်ပြီး
မိုးလင်းကြရသည်။ ညတိုင်းမဟုတ်ပေမယ့် သုံးယောက်ဆုံသည့်အခါတစ်ညတစ်လေဖြစ်၏။
သုံးယောက်ပေါင်းလောင်းကျော်
ဆိုသောစကားနှင့် ကိုက်လေမလားမသိ။
တစ်ခါက………………
တပို
့တွဲလပြည့်နေ့ နှင့်ကြုံသဖြင့် ဓမ္မသိုက်ဘုရားသို့ ကျွန်တော်တို့ ရောက်ခဲ့ကြသည်။
ဆွမ်းတော်ကြီးတင်၊ ဆွမ်းကြီးလောင်းပွဲရှိလေရာ ဘုရားပတ်ဝန်းကျင်ရှိ ရွာများမှ သူ
့ရွာ သူ့ မဏ္ဍပ်ထိုးကာအကျွေးအမွေးများပါရှိကြလေသည်။
ဆွမ်းကြီးလောင်းရာတွင်
ဘုရားကိုဝိုင်းပတ်ပြီး သံဃာတော်များကကြွ၍ လောင်းသူများကစောင့်နေကြသည်။
သံဃာတော်များ အသုံးအဆောင်မျိုးစုံနှင့် ဆွမ်းဆန်များပါလောင်းသည်။
ဆွမ်းကြီးလောင်းပြီးသောအခါ လက်ကျန်ဆန်လေးများကို ဆန်ပန်းပေါက်ပေါက်ကျဲသည်ဆိုကာ
မိမိကျဲလိုသူကို ဆန်ပန်းများဖြင့်ကျဲပက်ကြလေသည်။ ထိုဓလေ့အရ ကျွန်တော်တို
့သုံးယောက်လည်းလိုက်၍ ကျဲကြရာ ကိုမင်းသူက မမြသွေးဆိုသော ထုံကြီးမြို
့သူလေးနှင့်ငြိသည်။ ကျွန်တော်က ဖြူဖြူချောချော ချမ်းသာကုန်းရွာသူလေးနှင့်ငြိသည်။
သူ့ ကိုတော့နာမည်မမေးဘဲ ဖြူချော ဟုနာမည်ပေးထားကြသည်။ ကိုသိန်းလွင်ကတော့
အသားညိုညိုဘုရား ငုတ်တိုသူလေးနှင့်ငြိသည်။ ထိုမိန်းကလေးကို ညိုချော
ဟုနာမည်ပေးထားသည်။ သူတို့ လေးတွေကလည်း ကျွန်တော်တို့ ကိုဖော်ရွေ ပျူငှာစွာနှင့်
သူတို့ ရွာ မဏ္ဍပ်များကို ဖိတ်ကြသည်။ ကျွန်တော်တို့ ကလည်းသူတို့ မောင်ဘွားတွေ့ ရှေ
့မှာမို့ က္ကိနြေ္ဒနှင့်။
သူတို
့မောင်ဘွားတွေကလည်း ကျွန်တော်တို့ ရဲ့ မွန်မွန်ရည်ရည်ရှိသော ပုံပန်းများကို
နှစ်လိုဟန်ပြုကာ ကျောင်းနေဖက်သူငယ်ချင်းများထင်ကာ ဖိတ်ခေါ်ဧည့်ဝတ်ပြုကြသည်။
ညဘက်ရောက်တော့လည်း ပွဲဈေးတန်းမှာ သူတို့ ကဧည့်ခံလိုက်၊ ကျွန်တော်တို
့ကကျွေးမွေးလိုက်၊ သူငယ်ချင်းတွေလိုလို၊ ချစ်သူစုံတွဲတွေလိုလို နှင့် ဟပ်ဖီး
လေးတွေဖြစ်ကာပျော်ကြရသည်။ ဘ၀တစ်သက်တာတွင် မမေ့နိုင်စရာများပါပဲ။ ကျွန်တော်တို
့သုံးယောက်စလုံးမှာတူညီသောစိတ်ထား တူညီသောဆန္ဒရှိကြသည်။
မိန်းကလေးများကပိုးပန်းရာတွင်
(၁)လက်ထပ်ရန်
လိုအပ်လျှင်လက်ထပ်နိုင်သူဖြစ်ရမည်။
(၂)ချစ်သူအပေါ်အခွင့်ကောင်းမယူရ။
(၃)စိတ်နှလုံး
ထိခိုက်အောင် မလုပ်ရ။
(၄)အရှက်တကွဲ
အကျိုးနည်း မဖြစ်စေရ။
(၅)မိမိဘက်က
စတင်သစ္စာမဖောက်ရ။
စသည့်သစ္စာထားမှုများဖြစ်ပါသည်။
ကျွန်တော်နှင့် ကိုမင်းသူက ရည်းစားများသည်။ ကိုသိန်းလွင်ကတော့
လက်ငါးချောင်းမပြည့်။ ကျွန်တော်တို့ မှာ မိန်းကလေးများကို ချစ်သာချစ်တတ်ကြသည်။
လက်ကလေးပင်နွေးအောင် မကိုက်ဖူး။ ပါးကလေးကိုဖွဖွမနမ်းဖူး။ အသက်တွေ ကတော့
နှစ်ဆယ်ကျော်တွေ၊ ချစ်သူကိုပြောလိုရာပြောသည်။ စာဖြင့်ဖွဲ့ သည်။ သည်လို အတွေ
့အကြုံသာရှိကြသည်။ကျွန်တော်တို
့သည် မမြသွေး၊ ဖြူချော၊ ညိုချော တည်းဟူသော ချစ်သူများကို သွားရောက်တွေ့ လိုသော
စိတ်များရှိကြသော်လည်း မသွားဖြစ်ကြပေ။
တစ်ယောက်ကိုတစ်ယောက်နောက်ပြောင်ပြောဆိုခြင်းဖြင့်သာ ကျေနပ်နေကြသည်။ ဖြူချောတို
့ရွာ သွားကြရအောင်ကွာ ညိုချောဆီတောင်
မသွားတော့ဘူးလား
မမြသွေးကတော့မျှော်နေမှာဘဲ စသည်ဖြင့်စကားစကြသည်။ ပြီးတော့ လွမ်းစိတ်တွေကို
ရယ်မောခြင်းဖြင့် အတူ မျှောချလိုက်ပြန်သည်။
နောက်နှစ်ဘုရားပွဲများတွင်
သွားရောက်ကြသော်လည်း ဖြူချော၊ ညိုချော၊ မမြသွေးတို့ နှင့်မတွေ့ ရတော့။ ဓမ္မသိုက်မှာဥစ္စာစောင့်မလေးများပေါသည်ဟု
ကြားဖူးထားရာ လူ့ လောကထဲခဏ၀င်လာသော ဥစ္စာစောင့်မလေးတွေများ ဖြစ်နေကြရော့လား ဟု
သံသယစိတ်များပင် ဖြစ်ရတော့၏။ ဟုတ်တော့ မဟုတ်တန်ရာ၊ လူ့ ဘ၀ဆိုတာကလည်း
တစ်ချိန်နှင့်တစ်ချိန် အခြေအနေပေးမှုခြင်း တူကြသည်မှမဟုတ်ဘဲလေ။ကိုမင်းသူကတော့
ဆယ်တန်း(က)နှင့်အောင်၍ စာပေးစာယူဖြင့် ပညာရေးခရီးဆက်နိုင်ပြီ။ကျွန်တော်ကတော့ဆယ်တန်းသံသရာလည်ရင်း ကျောင်းဆရာပေါက်စဖြစ်လာ
သည်။ ဘ၀ချင်းနီးစပ်သူ
မိဘမဲ့မိန်းကလေးတစ်ယောက်နှင့် ဘ၀ချင်းပေါင်းစပ်ကာ
အချစ်အိမ်ကလေးတည်ဆောက်လိုက်ကြသည်။
ကျွန်တော်တို
့အချစ်အိမ်ကလေးမှာ ကိုမင်းသူနှင့်ကိုသိန်းလွင်တို့ ကြုံရာ ဆုံရာစကားဝိုင်း ဖွဲ
့ရင်း လက်ဖက်ရည်ကြမ်းဝိုင်းလေး တည်ခဲ့ကြသည်။ မယ်ဒလင်သံလေးနှင့် ငြိမ့်ခဲ့ကြသည်။
မောင်မျိုးတင့်၏ ကြင်နာသောချစ်ရသူရယ်ကွယ်
ငယ်ချစ်ဟောင်းနှင့်စောင်းအိုရှင်
စသည့်သီချင်းလေး များဖြင့် ဝေစည်ခဲ့ကြ သည်။ ငွေကြေး ဆင်းရဲသော်လည်း စိတ်မဆင်းရဲကြသောဇနီးမောင်နှံမှာ
ကျွန်တော်တို့ ပင်။သို
့သော်………..ရင်သွေးရတနာ ဟူသော သားသမီးတို့ ရလာသဖြင့် ရုန်းရ ကန်ရဖြင့်
စိတ်မောလူမောမပြည့်စုံသောဘ၀မှ ခွဲထွက်ကာမိမိဘာသာကျောင်းပြီးလိုက်ရတော့၏။ ကျွန်တော့်
ထိုသို့ ရုန်းကန်နေစဉ် အတွင်း ကိုမင်းသူကတော့ ကျောင်းပြီးသွားသည်။ ကျွန်တော်သည်
သူငယ်ချင်းသုံးယောက်အနက် ဘ၀ကံ အညံ့ဆုံးဖြစ်၍နေသည်။ ကံအကောင်းဆုံးက ကိုသိန်းလွင်၊
ဒုတိယကံအကောင်းဆုံးက ကိုမင်းသူ၊ တတိယကတော့ကျွန်တော်။ နောက်မှာ
ဘယ်သူမှမရှိကြတော့ပေ။
မိမိဘဝ
မိမိတော်တော်ပင်အားမရ။ ကြိုးစားသမျှ အရာမထင်။ ဘ၀ခရီးပင်မဆက်ချင်တော့လောက်အောင်
စိတ်ဓါတ်ကျသွားသည်။တခြားတခြားသောသူများကိုထည့်စဉ်းစားခြင်းမဟုတ်။သူငယ်ချင်းသုံးယောက်တည်း
သာ ယှဉ်ကြည့်ခြင်းဖြစ်သည်။သို
့သော်မမြင်နိုင်သော ကံတရားတို့ က ၀င်ရောက်အဆုံးအဖြတ်ပေးပုံမှာ ဆန်းကျယ်လှတော့သည်။ ကိုသိန်းလွင်တစ်ယောက်
မျက်စိမှုန်ပြီး လမ်းပင်ကောင်းကောင်းလျှောက်၍ မရခြင်း။ ကျွန်တော့်ဆိုင်ကိုလာရာ
ဆိုင်ကျော်၍သွား၏။အသက်သုံးဆယ်ခန်
့လူငယ်တစ်ယောက်၏ မျက်စိမှုန်ခြင်းမှာ သာမန်မဟုတ်တော့။ နောက်ပိုင်းတွင် အလုပ်မှ
ခွင့် ရက်ရှည် ယူကာ ဆေးကုသခံယူရသည်အထိဖြစ်လာသည်။
ကျွန်တော့်မှာလည်း
သူတို့ နှင့်ဝေးရမည့်အခြေအနေဖြစ်လာ၏။ စာပေကိစ္စနှင့် ရန်ကုန်သို့ ရွှေ
့ပြောင်းခဲ့ရသည်။ သူတို့ နှစ်ယောက် နယ်မှာကျန်နေခဲ့ပေမဲ့ သူ့ အကြောင်းနှင့်သူ
သိပ်မဆုံဖြစ်ကြ။ ကိုမင်းသူမှာ ပဲခူးမြို့ နယ်တ၀ိုက်
ကျောင်းဆရာအဖြစ်လှည့်ပြောင်းရင်း ကြုံရာဆုံရာ လူငယ်များနှင့် ယစ်ရွှေရည်မှီဝဲရာ
ကြုံရာဆုံရာ အမြည်းများကိုစားသောက်မိ၏။ အထူးသဖြင့်မြွေသားများ စားမိရာမှ
ကိုယ်ရေပြားရောဂါဆန်ဆန် ဖြစ်လာ၏။ သူငယ်ချင်းများကိုပင်အတွေ့ မခံတော့။
ကိုသိန်းလွင် ကလည်း
မျက်စိအခြေအနေ ပို၍ ဆိုးလာ၏။ မိဘများကငွေကုန်ခံ ကုသသော်လည်း မထူးခြား။
ကျွန်တော်ပဲခူးဘက်သို့ ကိစ္စတစ်ခုနှင့်အသွား ကိုသိန်းလွင်ကိုဝင်တွေ့ သေး၏။
ကျွန်တော့်အသံကို ကြား၍ ကျွန်တော်မှန်းသိသော်လည်း
ကျွန်တော့်ကိုမမြင်တော့။ အလင်းအမှောင်လောက်ပဲ သိတော့သည်တဲ့။
စိတ်ဓါတ်ကျကျနှင့် ခွေခွေလေးလှဲနေသော သူငယ်ချင်းကိုကြည့်ပြီး ရင်ထဲမှာ
ထိခိုက်လှသည်။ ကိုမင်းသူ သတင်းစုံစမ်းသောအခါတွင်လည်း မည်သူ့ ကိုမှအတွေ့ မခံ၊
အခြေအနေမကောင်းဟု သိရသည်။ သူငယ်ချင်း
နှစ်ယောက်အတွက် စိတ်ထိခိုက်ရသည်မှာ ရန်ကုန်ရောက်ပြီးတစ်လ နှစ်လကြာသည့်တိုင်မပျောက်။
ဖျောက်၍မရ။
ကိုယ့်ထက်ကံကောင်းသည်ဟုတွက်ထားသော
သူငယ်ချင်းနှစ်ယောက်စလုံး ကိုယ့်ထက် ကံဆိုးနေသည်ကို မကြားရက်၊ မမြင်ရက်။ ဖြစ်ချင်းဖြစ်ရင်
ငါလို ဆယ်တန်းမအောင်တဲ့အကောင်၊ ဆင်းရဲတဲ့ကောင်ဖြစ်လိုက်စမ်းပါလား။ သူတို့ ဘ၀လေးတွေ
သာယာပြီလို့ တွက်ပြီးကာမှ သည်လိုတွေဖြစ်ရတာ နာလိုက်တာ ဟုရင်ထဲမှာအောက်မေ့မိ၏။ ဘာဘဲဖြစ်ဖြစ်
သူတို့ ကျမ်းမာရေးကောင်းလာကြပါစေ ကိုမင်းသူကလည်း
မိအို ဖအိုများနှင့် တစ်အိမ်လုံးက အားကိုးနေရတဲ့သူ။ သူ့ ဘ၀က ကျောင်းလည်းပြီး
အလုပ်ကလည်း လက်ကိုင်ရှိပြီးသား။ ကိုသိန်းလွင်ကျတော့လည်း ဘွဲ့ ရပြီး
အလုပ်လက်ကိုင်နဲ့ ။
ပြီးတော့……..မိဘတွေကလည်းချမ်းသာကြ။ သူ့ အတွက်တိုက်တို့ ၊ ကားတို့ အပြင်
လူသုံးပစ္စည်းတွေက အစုံအလင်။ ဘာမှလိုလေသေးမရှိ။ အကောင်းတကာ့ အကောင်းတွေဖြစ်ပါလျှက်
ကျမ်းမာရေးကဖောက်သည်။ ဘ၀ဆိုသည်မှာ တစ်ဘက်ကပြည့်စုံပြီး တစ်ဘက်က လိုအပ်ချက်တွေ
ရှိနေတတ်တာကလား။ထိုအတွေးများဝင်နေစဉ်
ကာလမှာပင် ကိုမင်းသူ ကွယ်လွန်ကြောင်း သတင်းစာမှာဖတ်ရ၏။ နောက်များမကြာမီ
ကိုသိန်းလွင်ဆုံးကြောင်းသတင်းရ၏။ ရင်ထဲမှာ ဟာလာဟင်းလင်းဖြစ်၍သွား၏။ လွင်တီးခေါင်မှာ
လမ်းလျှောက်နေရသူလိုဖြစ်နေ၏။
အင်း………ကံအဆိုးဆုံး
ငါ့အတွက် လုပ်စရာ ရှိတာတွေဆက်လုပ်ဖို့  ကံတရားက ခွင့်ပြုထားတုန်းပါလား
……….သုံးယောက်ယှဉ်လိုက်ရင် ကံတရားက ပြောင်းပြန်လှန်လိုက်သလို ဖြစ်သွားပါပေါ့လား…..
စိတ်ထိခိုက်ရသည့်ကြားမှပင်…………
ကံတရားအကြောင်းတွေးမိ၏။
သူငယ်ချင်းတို
့ရေ…….မသေသေးလို့ ပြုနေရတဲ့ကုသိုလ်ကောင်းမှုအားလုံး မင်းတို့ ကို အမျှ….အမျှ….အမျှ
ပေးဝေတယ် ရောက်ရာဘ၀က သာဓုခေါ်ကြပါတော့ ……။ တရားအတွေး တရားအသိ ရှိသည့်ကြားမှ
အမျှပေးဝေရင်း ကျွန်တော့်နှလုံးသားမြေမှာ မျက်ရည်မိုးတွေ စွေရပါသတည်း။
၆-၁၀-၂၀၀၄
Subscribe to:
Posts (Atom)