Friday, July 5, 2013

မဲ့ခြင်း၊ မမဲ့ခြင်း


အိုးမဲ့ အိမ်မဲ့ တစ်ယောက်ပေမဲ့
ကြင်နာတတ်တဲ့ နှလုံးသားမမဲ့ဘူး။

ချောက်ထဲကျနေတဲ့ တစ်ယောက်တွေ့ ရင်
သူ့ ပခုံးနဲ့ ထမ်းတင်ခဲ့လိမ့်မယ်။

အတတ်ပညာမဲ့ တစ်ယောက်ပေမဲ့
အသိတရားမမဲ့ဘူး။

သူ့ ဘ၀ခရီးအတွက်
အလုပ်သင့်ဆုံးအရာတွေကို သူသိနေတယ်။

အဖော်မဲ့ အသိုင်းအ၀ိုင်းမဲ့ပေမယ့်
တရားဓမ္မဆိုတဲ့ အဖော်တွေ ရှိနေတယ်။

ဒါကြောင့်.............
လောကသမုဒ်ပြင်ကို
ကျင်ကျင်လည်လည်ကူးဖြတ်ပြီး
ဘ၀သံသရာကို
လှလှပပကြီး
အနားသတ်နိုင်ခဲ့လိမ့်မယ်။ ။

ရေးသားသူ။ ။မြသန်းလင်း
မြသန်းလင်း သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြပါသည်။

No comments:

Post a Comment