Friday, July 5, 2013

မျောလွင့်ရွက်ကြွေ


သက္ကရာဇ်တွေ ရှည်ထွက်မြင့်မားလာတာနဲ့ အမျှ
ငါ့ကိုယ်ပေါ်မှာ အမာရွတ်တွေ
အမဲစက်တွေများများလာပေါ့။

အရေပြားတွေတွံ့ ရှုံ့ 
စမြုံ့ပြန်မရတော့တဲ့
အရုဏ်ရောင်ခြည်နုများ
ဟိုးအဝေးဆီမှာ လွင့်ပြယ်ခဲ့။

မဖိတ်ခေါ်ပဲရောက်လာကြတဲ့
ဧရာအရိပ်တို့ ကြီးစိုးနယ်ချဲ့ ။

လတစ်စင်းပြီးတစ်စင်း
ခရီးနှင်လွန်မြောက်ကာ
အဝေးမှာ နှစ်များရင့်ရော်
အပျော်ရက်စွဲ ဘယ်မလဲ
အေးခဲနေပေါ့။

ငါဟာ ရွက်ကြွေများနဲ့ အတူ
ဖုံထူထူလမ်းမြေတစ်ကြောမှာ
လွင့်မျောခဲ့ပေါ့ကွယ်။ ။

ရေးသားသူ။ ။မြသန်းလင်း
မြသန်းလင်း သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြပါသည်။

No comments:

Post a Comment