Friday, July 5, 2013

ပုရွက်ဆိတ် ဖြစ်သွားသော လူများ


အသက်တစ်ချောင်းဖြစ်ဖို့ ဆိုတာ
သတ္တ၀ါတိုင်းအတွက်
ခက်ခဲကြတာပါပဲလေ။
ပုရွက်ဆိတ်တစ်ကောင်နဲ့ စာရင်တော့
လူဖြစ်ဖို့ ကပိုခက်တာ
အားလုံးအသိပါ။

ဒါပေမဲ့..........
တချို့  တချို့ သော
ဒေသ၊ ကာလ
လူပုဂ္ဂိုလ်တွေရှေ့ မှာ
လူတော်တော်များများဟာ
ပုရွက်ဆိတ်ကလေးတွေ
ဖြစ်သွားကြတယ်။
ပုရွက်ဆိတ်ကလေးတွေကိုတော့
ဘယ်သူမှ
လူလောက် တန်ဖိုးမထားကြဘူး။
လူကိုသာ ပုရွက်ဆိတ်လောက်ပဲ
အောက်မေ့ကြသတဲ့။

ရေးသားသူ။ ။မြသန်းလင်း
မြသန်းလင်း သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြပါသည်။

No comments:

Post a Comment