ဖြိုသာဖြို ပြိုပါရဲ့ လား
နေခြည်နုတို့ က ကမ္ဘာမြေပြင်ကို ရှိုက်နမ်းလျက်၊ တစ်ဘက်လယ်ကွင်းစပ်ရှိ
ခင်တန်း (တောတန်း) လေး မှာ နှင်းလွှာပါးပါး လွှမ်းခြုံထားလျက်၊ တစ်ဘက်မှာ
ပဲခူး-ရန်ကုန်ကားလမ်းမနှင့် လယ်ကွင်းပြင်၊ ပြီးတော့ ခင်တန်း(တောတန်း)
လေးရှိနေပြန်သည်။ အဲဒီနှစ်ဘက်ကြား ၌ တောင်ကိုးလုံး ဟု အမည် တွင်သော
ဘုရားကုန်းတော်ရှိ၏။ ထိုဘုရားကုန်းတော် ၏ပြန့် ပြူးသောမြေကွက် တစ်နေရာတွင်မူသစ္စာလေး တန်ဖေါ် ထုတ်သော အေးချမ်းရိပ်ငြိမ် ကလေးတစ်ခုရှိ၏။ မနီးမဝေးမှာတော့ ဇရပ်အိုတစ်လုံးရှိနေသည်။ ထိုဇရပ်အို တွင် ဆွမ်းကွမ်းကိစ္စများ ဆောင်ရွက်နေသော လုပ်အားအလှူရှင် တချို
့ရှိကြသည်။ ထင်းခွဲသည်မှအစ စကားစမြည် ပြောခြင်းကိစ္စအထိ တိုးတိတ်ညင်သာ
သိမ်မွေ့ စွာပြုလုပ်ဆောင်ရွက်နေကြ၏။ ယနေ့ သည်
တောင်ကိုးလုံး
မိုးကုတ်ရိပ်သာ၌ (၁၄) ကြိမ်မြောက်တရားစခန်းဖွင့်ပွဲ ကျင်းပမည့်နေ့ ဖြစ်သည်။သံဃာတော် များကို ဆွမ်းကပ်၍ ကြိုတင်ရောက်ရှိလာသော
တရားစခန်းဝင်မည့်ယောဂီများနှင့်
ဖိတ်ကြားထားသော တရားနာ ပရိတ်သတ်တို့ ကတရားနာကြမည်။ ဤနေ့ ၏ညနေပိုင်းမှာပင်
အမရပူရမှ ကြွရောက်လာသော ဆရာတော်ဦးဇောလေးနှင့် ဦးမာလာ တို
့က တရားရေအေးတိုက်ကျွေးကြဦးမည်။ မနက်ဖြန်ဆိုလျှင် တရားစ၀င်ကြတော့မည်။ ကျွန်တော်သည်ရန်ကုန်မှလာရောက်၍ အချိန်ပိုင်းတရားစခန်းဝင်မည့်သူဖြစ်သည်။
ဖွင့်မဲ့ရက်တွင် စောစောကြွရောက်ရန် ဆရာတော်ကဖိတ်ထားသဖြင့် မနေ့ က ညဘက်ကပင်
ရိပ်သာသို့ ရောက်နှင့်နေ၏။ ကမ္မဌာန်းနည်းပြဆရာတော်လည်းဖြစ်၊ကျောင်းထိုင်ဆရာတော်လည်းဖြစ်သော ဆရာတော်ဦးဝိစိတ္တသီတင်းသုံးရာသိမ်ကျောင်းလေးမှာပင်အိပ်ခဲ့သည်။မနက်အာရုံဆွမ်းကပ်ရာတွင်ဝိုင်းဝန်း ကူညီဆောင်ရွက်ပြီး ကိုယ်တိုင်လည်းအာဟာရဖြည့်ဆည်းခဲ့ပြီ။ ယခုတော့ဘုရားကုန်းတော်ပေါ်မှာလှည့်ပတ်ရင်း ပတ်ဝန်းကျင်အနေအထားများကို ကြည်နူးခံစားနေမိ၏။
နွေဦး၏ နံနက်ခင်းမှာ အအေးဓါတ် အနည်းငယ် ရှိနေသေး၏။ ဘုရားကုန်းတော်နှင့်
တစ်မိုင်အကွာ တွင်မူ အင်းတကော်မြို့ လေးသည် နှင်းဝတ်ခြုံလွှာပါးနှင့်လှုပ်ယိမ်းစပြုနေလေပြီ။ကားလမ်းမှကားသံများမတိုးမကျယ် ကြားနေရ၏။ သိမ်ကုန်းဘက်မှ စေတီများနှင့် ဓမ္မသိုက်စေတီဦး တို့ ကိုလှမ်း၍ဖူးမြင်နိုင်သည်။ပတ်ဝန်းကျင် ရှုခင်းများမှာ သဘာဝပန်းချီကားချပ်ကြီး များသဖွယ် ရှိတော့သည်။ အင်းရေ ဖွေးဖွေးကွက်ကွက်။ တကွက်နှင့် တကွက်၊ တအင်းနှင့်တအင်း
တခေါ်ဝေးသောကြောင့် အင်းတစ်ခေါ်ဟုတွင်ရာမှ အင်းတကော်ဖြစ်လာကြောင်း
သိမှတ်ရဘူး၏။ တောင်ကုန်းတောင်စွယ်များမှာ ပဲခူးရိုးမတောင်စွယ် များဖြစ်သည်ဟု ဆိုကြသည်။ အင်းတကော်မြို့ လေးသည် ထိုတောင်ကုန်းတောင်စွယ်များပေါ်၌ တည်ထားခြင်းဖြစ်လေသည်။ နေချင့်စဖွယ် ကောင်းလှပါ၏။ မိုးရွာလျှင် ရေတင်စရာချိုင့်ဝှမ်းများသည်
ရတနာသုံးပါး၏အရိပ်၌ခိုလှုံသူများပီပီစိတ်ကောင်းစေတနာရှိကြသည်။ ယခုကျွန်တော်ရောက်ရှိနေသော
တောင်ကိုးလုံးမိုးကုတ်ရိပ်သာကိုစတင်တည်ထောင်သောမိုးကုတ်ဝိပဿနာအသင်းနှင့် စေတနာရှင်များမှာ အင်းတကော်မြို
့လေးမှပင်ဖြစ်ကြလေသည်။ ပဲခူးမြို့ မြို့ မကျောင်းတိုက်အုပ်ဆရာတော်ဦးဂန္ဓမာ ဦးစီး၍ ဦးဝိစိတ္တ ဆရာတော်တို့ ၏ သြ၀ါဒခံယူပြီး ဤရိပ်သာအကျိုးကို ဆောင်ရွက်နေကြခြင်းဖြစ်သည်။
ယနေ့ (၁၄)ကြိမ်မြောက် တရားစခန်းဖွင့်ပွဲတွင် ဆရာတော်ဦးဂန္ဓမာ
ကိုယ်တော်တိုင် တရားရေအေး တိုက်ကျွေးမည် ဖြစ်ကြောင်ြး ကိုတင်ကြေငြာထားသောကြောင့် တရားနာကြားလိုသော သဒ္ဒါစိတ်တို့  ယိုဖိတ်လျက်ရှိသည်။ ကျွန်တော်သည်ရိပ်သာ ဘက်သို့ တရားမှတ်၍ လျှောက်လာခဲ့၏။ မကြာမီ သံဃာတော်များအား ဆွမ်းကပ်လှူပြီး ဧည့်ခံကျွေးမွေးကြလိမ့်မည်။ ပြီးလျှင် ခေတ္တနားနေပြီးတရားပွဲစမည်။
စိတ်ဆန္ဒက တရားပွဲဆီသို့ သာ ကြိုတင်မှန်းဆနေမိသည်။ ရိပ်သာရှေ
့ရှိမဏ္ဍပ်တွင်း၌ မူတရားစခန်း ၀င်ကြမည့် ရဟန်းတချို့ နှင့်ယောဂီဒကာ၊
ဒကာမများစာရင်းပေးသွင်းခြင်း၊ အလှူငွေ ထည့်ဝင်ခြင်း များ ပြုနေကြသည်။
တာဝန်ရှိသူများက ဆရာတော်နှင့် ညှိနှိုင်းဆောင်ရွက်ပေးကြသည်။
နေရာထိုင်ခင်းများ ချထားပေးလျက်ရှိ၏။အစစအရာရာအဆင်ပြေအောင်စီမံပေးနေကြသည့်ကြားမှာပင် နေရာထိုင်ခင်းစိတ်တိုင်း
မကျမှုကြောင့်
စီစဉ်သူများကို ပြစ်တင်ပြောဆိုသံတွေထွက်လာသည်။ နေရာထိုင်ခင်းကိစ္စမှာ သူတို
့တည်းခို လိုသောနေရာမရခြင်း၊ သူတို့ ဓမ္မမိတ်ဆွေများနှင့်တကွဲတပြားစီနေရခြင်း၊ နီးနီးကပ်ကပ်မနေလိုသူနှင့်
နေရခြင်းစသည်တို့ ဖြစ်သည်။ ကျွန်တော်သည် ထိုသို့ သော မကျေလည်မှုများကို သီးခံနိုင်စွမ်း မရှိကြသေးသော
သူတို့ နှင့်၊ တရားစခန်း ၀င်သည့်အခါမှာပင် လက်ဝတ်လက်စားရွှေ၊ ငွေ၊ ရတနာ တို
့ကိုခေတ္တခွဲမထားနိုင်ပဲ၊ တပြောင်ပြောင်တလက်လက်လုပ်နေကြသူ ယောဂီအချို
့ကိုကြည့်ကာ
စိတ်ဓါတ်ကျမိသည်။သည်လိုပုံစံအတိုင်းသာဆိုလျှင် ကိလေသာတောင်ထုကြီးတွေကို ဘယ်လိုဖြိုနိုင်မှာလဲ။ အတွေးနှင့်အတူ သက်ပြင်းမောတွေချနေမိပါသည်။ မကြာမီသံဃာတော်များဆွမ်းစားဆောင်သို
့ကြွသွားတော်မူနေကြသည်ကိုတွေ့ ရသဖြင့် လိုအပ်သည်များ ၀ိုင်းကူဆောင်ရွက်ပေးရန် နောက်မှ လိုက်ပါသွားမိ၏။ ဆွမ်းစားဆောင်တွင် ဆွမ်းကပ်မည့် ဒကာ၊ ဒကာမများ တိုးတိုးခွေ့ ခွေ့ ဖြစ်နေကြသဖြင့် ကျွန်တော်တစ်ယောက်ဝင်လိုက်လျှင်ပိုပြီးတိုးခွေ့ နေကြမည်ဟုတွေးကာဆွမ်းစားဆောင်မှ ပြန်ဆင်းလာသည်။
သိမ်ကျောင်းထဲတွင် လူရှင်းနေသည်ကိုတွေ့ ရ၍၀င်ခဲ့ရာဆရာတော်ဦးဂန္ဓမာကိုကားမောင်းပို့ သူဒကာတော် ဦးစိန်လှိုင်နှင့်တွေ့ ၏။ ရေနွေးဝိုင်းထိုင်ရင်း စကားစမြည်ပြောဖြစ်သည်။ ခဏအကြာတွင် “ဧည့်သည်များထမင်းစားရန်ကြွပါ” ဟု လူရွယ်တစ်ယောက်လာရောက်ဖိတ်ခေါ်၏။ ဦးစိန်လှိုင် ကကျွန်တော့်ကိုပါ ထမင်းစားကြွရန်
ဖိတ်ခေါ်သဖြင့် လိုက်လာခဲ့မိသည်။ လှေခါးအရောက်မှာ ဤပွဲ၌
တွင်ကျယ်နေရာယူလျှက်ရှိသော ညီအစ်မက “ဦးစိန်လှိုင် ထမင်းစားကြွပါ၊
ဦးစိန်လှိုင်” ဟုကျယ်လောင်စွာ ဖိတ်ခေါ်နေသည်။ သူတို့ နှစ်ယောက်က
ကျွန်တော်လိုက်လာသည်ကို မလိုလားဟန်ရှိသည်။
ကျွန်တော်က လှေကားမှပြန်ဆင်းရန် ဟန်ပြင်သောအခါ ဦးစိန်လှိုင်က
လက်ကိုဆွဲထားသည်။ ထမင်းဝိုင်း နားမှာရပ်နေသူဒကာတစ်ဦးကလည်းကျွန်တော့်ကိုလက်ဟန်ခြေဟန်ဖြင့်ဖိတ်ခေါ်နေသည်။ကျွန်တော်ခြေလှမ်း တုန့် နေစဉ်မှာပင်………“ဦးစိန်လှိုင်ကိုခေါ်တာ ထမင်းစားကြွပါ” ဟုကျွန်တော့်ကိုမလိုလားဟန်ပြနေသော ညီအစ်မက အသံထပ်ပြုပြန်သည်။ ကျွန်တော်သည် ဤရိပ်သာ၌ လူရင်းလိုဖြစ်နေသောကြောင့် ဧည့်သည်ကို ဦးစားပေးခေါ်ခြင်းဖြစ်လိမ့်မည်ဟု တွေးကာပြန်ဆင်းမည်ပြုပြန်တော့လည်း
စားပွဲဝိုင်းနားတွင် ထိုင်နေသူအချို့ က “ဟေ့…………ဆရာ၊ ဘယ်လိုဖြစ်နေတာလဲ၊
လာထိုင်စမ်းပါ………” ဟုလှမ်းခေါ်ကြ၏။ သူတို့ လည်းအင်းတကော်သားများပင်ဖြစ်ကြ၏။
ဧည့်သည်ကိုသာကျွေးမည်ဆိုလျှင် ထိုသူများဤ၀ိုင်းတွင် ရှိနေစရာမလို။
အဘယ့်ကြောင့် ကျွန်တော့်ကိုမှရွေး၍ မလိုလားဟန်ပြုနေပါသနည်း။
ကျွန်တော် မစဉ်းစား တတ်တော့။ ဤလို အလှူဒါနပြုသည့်နေရာတွင် အဘယ့်ကြောင့်
စေတနာတွန့် တိုလျှက်ရှိကြပါသနည်း။ ကျွန်တော်သည် စိတ်ထဲ မအီမသာနှင့်ပင်
ထမင်းစားခဲ့ရသည်။ နောင်တွင် ဤလိုမဖြစ်ရလေအောင် ရန်ကုန်မှပင် ထမင်းဗူး၊ထမင်းချိုင့်ယူဆောင်လာခဲ့မည်ဟုစိတ်မှာပိုင်းဖြတ်မိ၏။သိမ်ကျောင်းပြန်ရောက်သော အခါ ဆရာတော်ဦးဝိစိတ္တ ချပေးသော ဖျာနှင့်ခေါင်းအုံးကိုယူကာ ခေတ္တနားနေမှေးစက်လိုက်သည်။ သို
့တိုင် စိတ်မှာလေးလံနေလေသည်။ အေးငြိမ်းမှုရှာရန် ရိပ်သာသို့ လာခါမှ
ပူလောင်မှုနှင့်ကြုံရလေသည်။ “ထမင်းဆိုင်တွေကလည်းနဲနဲ လှမ်းနေလို့ ပေါ့၊ နို
့မို့ ဆိုရင်ဆိုင်မှာသွားစားပါတယ်” လို့ ရင်ထဲ မှာပြော ဆိုနေမိသည်။ကျွန်တော်သည်အစားတလုပ်ဖြင့်ဘယ်သူ့ အငြိုငြင်ကိုမှခံလိုသူမဟုတ်။မာနစိတ်ကထောင်ထ လာသည်။ဆရာတော်ကြီး၏ အခွေမှာနာကြားရသည့်အတိုင်းဘာလာလာဖြစ်ပျက်ရှုကာစိတ်ကိုတည်ငြိမ်စေ ရသည်။ မာနပါးပြင်းများကို ပယ်ဖျက်ရသည်။ တမှေးမှိတ်ပြီး မျက်စိပွင့်လာသောအခါတရားပွဲစတော့မည်မို့  သိမ်ကျောင်းထဲတွင် ကျွန်တော်တယောက်တည်းသာ ရှိနေတော့သည်။ ဖျာနှင့်ခေါင်းအုံးကိုသိမ်းပြီး
မျက်နှာသစ်ကာ သိမ်ကျောင်းထဲမှထွက်လာခဲ့သည်။ ရိပ်သာခန်းမထဲတွင်သံဃာတော်များနှင့်ဧည့်ပရိသတ် အပေါင်းတို့ ရောက်ရှိနေကြပြီ။ ဖွင့်ပွဲအစီအစဉ်များကို ကြေငြာကာ(၁၄) ကြိမ်မြောက်
တရားစခန်း ဖွင့်လှစ်ကြောင်းကြေငြာသည်။
ကျွန်တော်လည်းဘုရားဝတ်ပြု၍သင့်လျော်သောနေရာ၌ကျုံ့ ကျုံ့ ထိုင်နေ၏။
မျက်လုံးထဲမှာမူ ကျွန်တော့်ကိုမလိုလားဟန်ပြုသူ ညီအစ်မ၏မျက်နှာ
စူပုတ်ပုတ်တွေပြန်ပေါ်လာပြန်သည်။ အစီအစဉ်များ တစ်ခုပြီးတစ်ခု ပြုလုပ်နေရာ ဆရာတော်ဦးဂန္ဓမာက တရားစခန်းဖွင့်ပွဲနှင့်ပတ်သက်သော တရားဟောရန်အလှည့်ကျရောက်လာ၏။ ပုလ္လင်ပေါ်မှ ဆရာတော်သည်အေးဆေးတည်ငြိမ်လေသံဖြင့် စတင်ဟောကြားလေတော့သည်။ “ဒကာကြီးတို့ ၊ ဒကာမကြီးတို့ - ဒီနေ့ ဟာတောင်ကိုးလုံးမိုးကုတ်ဝိပဿနာရိပ်သာကြီးရဲ့  (၁၄)ကြိမ်မြောက် ဆိုတော့ဆယ့်လေးကြိမ်နဲ့ ညီမျှတဲ့ အကျိုးသက်ရောက်မှု ရှိကြမှာပေါ့နော် ဘုန်းကြီးတို့  တရားစခန်းမှာ တရားလာအားထုတ်ကြတဲ့ယောဂီတွေ -
ရွာထဲရပ်ထဲပြန်တော့ဘေးလူတချို့ က စောင့်ကြည့်နေကြတယ်။ သူတို
့တရားစခန်းဝင်ကြတာဘာတွေများ ထူးခြားလဲလို့ ပေါ့လေ………..။ ကြည့်တော့လည်း
ဘာမှ ထူးခြား တာမတွေ့ အင်း….. သူတို့ တရားစခန်းဝင်တာကလည်း လူအထင် ကြီးရုံပါပဲ ……….လို့ တချို့ က မှတ်ချက် ချကြသတဲ့။ ယောဂီတို
့ကိုယ်တိုင်ကလည်း ကိုယ့်ကိုကိုယ်……….ငါတို့ တရားစခန်းဝင်တာလည်း
ဘာမှ မထူးခြား ပါလား ဆိုပြီးစိတ်ပျက်ကြသတဲ့။ ဒီမှာ ဘုန်းကြီးက ဥပမာလေးတစ်ခု ဆောင်ပြီးပြောလိုတယ် ဘုန်းကြီးတို့ အဝေးမှာ မြင်နေရတဲ့ တောင်ကြီးကိုသွားရောက်ပြီးသကာလ………ပေါက်ပြားနဲ
့ဆယ့်လေး ချက်ပေါက်ပြီး မြေကိုဖယ်ရှားကြည့်ပါ။ ပြီးတော့တောင်ကြီးကိုအဝေးက
ပြန်ကြည့်ဘာမှမထူးဘူး။ တောင်ကြီး
ကဒီအတိုင်းပါပဲ။ဒါပေမဲ့ တောင်ကြီးထဲမှာ
ပေါက်ပြား၁၄ချက်စာလျော့သွားတာကိုယ်တွေ့ ပဲမို့ လား။
အေး…
အဲဒီလိုပဲ…..ယောဂီတို့ ရဲ့  ကိုယ်ခန္ဓာထဲမှာတစ်သံသရာလုံးတက်လာတဲ့ကိလေသာ တောင်ထုကြီးဟာ
တော်ရုံတန်ရုံတော့ ဘယ်ဖြိုလို
့ရပါ့မလဲ။ ၁၄ ကြိမ်မြောက် ၀င်ထားတဲ့ တရားဟာ ………တောင်ကြီး ကိုပေါက်ပြားနဲ့ ၁၄ချက်ပေါက်ပြီးဖြိုလိုက်သလိုပါပဲ။ကိလေသာထုတွေကိုဖြိုမှာသေချာပါတယ်။ တောင်ကြီး
ကိုအဝေးကကြည့်တော့ ဘာမှမထူးခြား သလိုပဲ။ ယောဂီရဲ့ 
ကိုယ်ခန္ဓာကြီးကို ဘေးကကြည့်တော့ ဘာမှ မထူးခြားဘူးပေါ့။တကယ်တော့ထူးခြားပါတယ်။၁၄ကြိမ်မြောက်အထဲဝင်ထားတဲ့တရားတွေဟာသံသရာစက်ရ
ဟတ်ကြီးကို ဖြတ်တောက်နိုင်တဲ့တရားတွေပါ ယောဂီအပေါင်းတို့ ။လုပ်စရာရှိတာဆက်လုပ်ကြ။ ဘေးအမြင်နဲ့ နားမယောင်နဲ့ ။
မိမိကိုယ်ကို မိမိစိတ်ဓါတ်မကျနဲ
့။ အားမလျှော့နဲ့ ။ တရားစခန်းဝင်ဖူးတဲ့ သူနဲ့ မ၀င်ဖူးတဲ့သူ ဘယ်နေရာ ကွာလဲဆိုတော့ဝင်ဖူးတဲ့သူ ကဒေါသဖြစ်လဲခဏဘဲ၊ တရားနဲ့ ဆင်ခြင်လိုက်ရင် လောဘ၊ ဒေါသ၊
မောဟ
တွေလျော့သွားတယ်။မ၀င်ဖူးတဲ့သူကသစ္စာတရားမနာကြားဖူးသေးတော့အထိမ်းအကွပ်မရှိတဲ့သဘောကြောင့် လက်လွန်ခြေလွန် ရေရှည်ဖြစ်တတ်တယ်” ဆရာတော် ဆက်ဟောနေသည်ကိုကြားသော်လည်း အသိစိတ်ကထမင်းစားရန်ဆွမ်းစားကျောင်းဆောင်သို့ သွားစဉ်ကအဖြစ်ကလေးကိုပြန်သတိရနေပြန်သည်။ ဆရာတော်ဟော သလိုပင် အစောက ဒေါသစိတ်များ လွင့်စင်ကာ ထိုညီအစ်မကို မေတ္တာဖြင့် သနားနေမိပြန်သည်။နေရာချထားရာတွင် စိတ်တိုင်းမကျ၍ ပြစ်တင်ဝေဖန်နေကြသော ယောဂီများကိုလည်း
သွားသတိရမိ၏။ သူတို့ လည်း တရားစခန်းဝင်ဖူးသူတွေပဲလေ…….. ခုလောက်ဆို သူတို
့ဒေါသေ တွပြေပျောက်နေကြရောပေါ့ ဟုအောက်မေ့ကာ သူတို့ ရှိရာဘက်သို
့လှမ်းကြည့်မိ၏။ သူတို့ လည်း တည်ငြိမ်အေး ချမ်းစွာဖြင့်
တရားနာလျက်ရှိကြလေသည်။ အော်…….တစ်သံသရာလုံးက ထူတက်လာတဲ့ ကိလေသာတောင်ထုကြီးဟာ ပြိုတန်သရွေ့ ပြိုနေပြီပေါ့လေ။
(ဆရာတော်ဦးဂန္ဓမာနှင့်ဦးဝိစိတ္တတို့ ကိုဤ၀တ္ထုဖြင့်ပူဇော်ပါသည်။)
၁၀-၂-၂၀၀၅
ရေးသားသူ။ ။ မြသန်းလင်း
မြသန်းလင်း အမြင့်ဆုံးအမိုးအောက်ကအရိပ်များ ဘ၀ရသ၀တ္ထုတိုစုစည်းမှု စာအုပ်မှကူးယူတင်ပြပါသည်။
No comments:
Post a Comment