Monday, June 10, 2013

ခါးဝတ်ပုဆိုး


မလျှော် မဖွတ် မလှမ်း ဖြစ်ခဲ့တဲ့
အ၀တ်တွေများပေမယ့်
ဝတ်စရာနှလုံးသား အဖြူထည်ရှိရင်
လူ့ ဘုံအလယ်မှာ
လိပ်ပြာသန့် စွာ ၀တ်နိုင်ပါရဲ့ ။

နှစ်ထောင် သုံးထောင်တန်
ဖောရိန်းရှပ်တွေ
သုံးထောင် လေးထောင်တန်
ဘောင်းဘီရှည်တွေ၊ မ၀တ်နိုင်လည်း
ခါးဝတ်ပုဆိုးသာ မြဲပါစေ.....
ကျက်သရေတိုးလို့ 
အခက်ဝေဖြိုးမှာ သေချာသလေ။ ။

ရေးသားသူ။ ။မြသန်းလင်း
မြသန်းလင် သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြပါသည်။

No comments:

Post a Comment