Thursday, June 13, 2013

ပုစ္ဆာ


နေလုံးကြီးကို
မီးပွင့်ကြီးတစ်ပွင့်လို
ပိတ်လို့ ဖွင့်လို့ ရမယ်ဆိုရင်။

လ၀န်းကြီးကိုလည်း
မီးပွင့်ကြီးတစ်ပွင့်လို
ပိတ်လို့ ဖွင့်လို့ ရမယ်ဆိုရင်။

နေ ၊ လ ခလုပ်တွေကိုလည်း
လူတွေက ပိတ်နိုင် ဖွင့်နိုင်တဲ့
အခွင့်ရှိခဲ့မယ်ဆိုရင်။

အဲဒီအခွင့်အရေး
သို့ မဟုတ် လုပ်ပိုင်ခွင့်ကို
လူတွေ ဘယ်လိုများ
အသုံးချကြလေမလဲ။

ယခုလက်ရှိ
နေ၊ လ တို့ ကိုယ်တိုင်
ဆောင်ရွက်နေမှုထက်
သာမည် သို့ မဟုတ်
ပိုကောင်းမည် ထင်ပါသလား။

ရေးသားသူ။ ။မြသန်းလင်း
မြသန်းလင်း သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြပါသည်။

No comments:

Post a Comment