Wednesday, June 19, 2013

ငါ (သို့ ) သက္ကာယ


ငါကိုယ်ငါ မသိခင်က
ငါဟာ.......
လ တစ်မင်း နေ တစ်စင်းပေါ့။
ငါ့ကိုယ်ငါ နည်းနည်းသိလာတော့
ငါဟာ.........
မှန်အိမ်တစ်လုံး၊ မီးခွက်တစ်ခွက်။

ငါကိုယ်ငါ ပိုသိလာတော့
ငါဟာ..........
ဖယောင်းတိုင်တစ်တိုင်
ပိုးစုန်းကြူးတစ်ကောင် ။
ငါကိုယ်ငါ လုံးဝသိလာတဲ့အခါ
ငါဟာ.............
ဘာမှမဟုတ် နာမ် နဲ့ ရုပ်။

ရေးသားသူ။ ။မြသန်းလင်း
မြသန်းလင်း သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြပါသည်။

No comments:

Post a Comment