Saturday, June 15, 2013

အချစ်ရနံ့  အချစ်ကာလများ


နှင်းဆီရနံ့ ရတဲ့အခါ
မင်းနှင်းဆီ ပန်ခဲ့တဲ့နေ့ ကိုသတိရ၊
စပယ်ရနံ့ ရတဲ့အခါ
မင်းစပယ် ပန်ခဲ့တဲ့နေ့ ကိုသတိရ၊
ခရေရနံ့ ရတဲ့အခါ
မင်းခရေပန်တဲ့နေ့ ကိုသတိရ၊
စကားဝါရနံ့ ရတဲ့အခါ
မင်းစကားဝါ ပန်ခဲ့တဲ့နေ့ ကိုသတိရ၊

ပန်းရနံ့ ပန်းသတင်း
လေညှင်းထဲ မှာမင်းလိုက်လာပြီ၊
ကိုယ်ရောင်ကိုယ်ဝါ
ဆောင်၍ပြနေ
အတီတေရက်စွဲ
ရင်ထဲလှုပ်ခတ် တစ်ဖျတ်ဖျတ်
အပ်ကြောင်းထပ် ချစ်စကား
နားထဲမှာ တိုးဖွညင်သာ
ကဗျာ....ကဗျာ.....လေးတွေ
မွေးဖွားခဲ့ပြီမေ။

ရေးသားသူ။ ။မြသန်းလင်း
မြသန်းလင်း သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြပါသည်။

No comments:

Post a Comment