Thursday, June 6, 2013

ကမ္ဘာနှင့်လူ

ကမ္ဘာမြေကြီးသာ
လူသားတစ်ယောက်ဖြစ်ခဲ့ရင်
သတ္တ၀ါတွေလွယ်ပါ့မလား။

သူ့ ကျောပေါ်မှာ
စာနာထောက်ထားမှုမဲ့
အပြုအမူတွေနဲ့ 
အကြင်နာမဲ့စွာ
သို့ မဟုတ်......
စာနာထောက်ထား
ကြင်နာသနားစွာ။

ဘာဘဲဖြစ်ဖြစ်
ကမ္ဘာမြေကြီးသာ
လူသားတစ်ယောက်ဖြစ်ခဲ့ရင်

ကမ္ဘာနှင့် လူ(သို့ )သတ္တ၀ါ
နေရာချင်းခဏလောက် လဲကြည့်ပါ။ ။

ရေးသားသူ။ ။မြသန်းလင်း
မြသန်းလင်း သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြသည်။

No comments:

Post a Comment