Sunday, June 23, 2013

ချစ်သူတို့ တေး


နွေရောက်တော့
ရွက်ဝါကြွေ နွေဥသြနဲ့ 
ကိုအံ့ကြီးရဲ့ မိန်ရာသီ
မိုးရောက်တော့
ကိုမြကြီးရဲ့ မိုးသီချင်း
ဆောင်းရောက်တော့
ကိုသန်းလှိုင်ရဲ့ 
တစ်ဆောင်းသစ်ပြန်ပြီ
အစချီတေးစု
ဥတုရာသီအလိုက် ဖွင့်ကြတယ်။

တေးအမည် ဘယ်လိုပဲ ပြောင်းပြောင်း
အနှစ်သာရကတော့ အချစ်အကြောင်း
ပြောင်းတာက ရာသီပဲ
နွေ၊ မိုး၊ ဆောင်းမှာ အချစ်တွေပိုကဲ
ကမ္ဘာပေါ်မှာတော့
စစ်တွေက တသဲသဲ
အချစ်နဲ့ စတဲ့ ကမ္ဘာကြီးကို
စစ်နဲ့ အဆုံးသတ်ချင်ကြပြီလား
ယမ်းငွေ့ တွေကများ။

ရေးသားသူ။ ။မြသန်းလင်း
မြသန်းလင်း သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြပါသည်။

No comments:

Post a Comment