Sunday, June 23, 2013

ခရီးသည်ကြီးများ


ဥာဏ်ပညာနည်းတော့
ခန္ဓာလဲပြီး ကံကြမ္မာကြွေးဆပ်
ဘေးအထပ်ထပ်နှင့်အရပ်ရပ်စုံစွာ
ဘုံဓမ္မတာသဘောနဲ့ 
ကြုံရာဆုံရာမျှောခဲ့ကြသံသရာခရီး
ရန်ဘယာ (အို နာ သေ ဘေး)ဆီးလည်း
အကြံဟာမပြီးသေးသမို့ 
ခရီးဝေးသို့ နှင်ကြဦး။

အရူးထလိုက်ပုံများ
နှစ်ဦးနှစ်ဝအဖော်တွေနဲ့ 
ပျော်နေခဲ့ အသီးသီး။
သည်ခရီး သည်လိုနှင်တော့
ဘယ်အကြော့ဘယ်လိုလျင်
တကယ်ကိုပင်ကူးသော်လည်း
အရူးအဖော် အတွဲတွေပါသမို့ 
အထူးပျော်တဏှာရယ်ဆင့်လောင်း။
သင့်အကြောင်း သင်မသိ
မမြင်မိ "လေးသစ္စာ"
"မြေးချစ်တာ" တွေပါပေါင်းလိုက်တော့
အကြောင်းဆိုက်ခဲ့ ရန်ဘယာထောင်း
(ဒီမလေ...) မကောင်းလိုက်တဲ့သံသရာအကြောင်း။ ။
 

မြေးချစ်ဘိုးဘွားများသို့ 
 


ရေးသားသူ။ ။ မြသန်းလင်း
မြသန်းလင်း သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြပါသည်။

No comments:

Post a Comment