Tuesday, June 11, 2013

မသိခြင်း


လောကမှာ
ငါမသိတာတွေအများကြီးပဲ။
ငါဟာ........
ငါ့ရဲ့ စားဝတ်နေမှုလောက်ပဲ
ဘယ်လိုဖန်တီးရမလဲလို့ သိခဲ့တယ်။

ဒါလေးနဲ့ မကျေနပ်လို့ 
ဆရာတော်ထံမှာ
ကိုယ့်ရဲ့ နုံလွန်းတဲ့အဖြစ်ကို
လျှောက်ထားမိတယ်။
ဆရာတော်က
"မသိတာတွေထဲမှာ
သိတာလေးတစ်ခုတော့ ရှိပါစေ။
အဲဒါက နာမ်ရုပ်ဓမ္မ
သခါၤရတုိ ့ရဲ ့
ဖြစ်မှုပျက်မှုကို
သိအောင်ကြိုးစား" တဲ့။


ရေးသားသူ။ ။မြသန်းလင်း
မြသန်းလင် သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြပါသည်။

No comments:

Post a Comment