Sunday, June 23, 2013

ကျွန်တော့် မျက်လုံး သူ့ အဆုံးအဖြတ်


ကျွန်တော့်အသက်နှစ်ဆယ်ခန့် က
မျက်လုံးထဲမြင်တဲ့အတိုင်းပြောတော့
"မင်းအမြင် နည်းနည်း တိမ်းချော်နေတယ်တဲ့"။

ကျွန်တော့်အသက် ငါးဆယ်ကျော်မှအမြင်အတိုင်း
ပြောတော့ သူက "မင်းအမြင်တည့်သွားပြီး" တဲ့။

တကယ်ဆို...........
ဒီပုံကိုကြည့်တာ
တစ်ဘ၀ထဲမှာ နှစ်ခါ
ဘယ်အမြင်ဟာ အမှန်ဖြစ်နိုင်မလဲ။ ။

ရေးသားသူ။ ။ မြသန်းလင်း
မြသန်းလင်း သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြပါသည်။

No comments:

Post a Comment