Sunday, June 16, 2013

သူတို့ အပြော


"ချစ်သူ"ကပြောတော့
ကိုယ်"လူချော"
"မုန်းသူ"ကပြောတော့
နက်ကျောကျော။

စောဒကတက်စရာမလိုပါ
သူတို့ အဆိုဟာ သူတို့ သဘောပဲ။

တောထဲလျှောက်လျှောက်
တောင်ပေါ်တက်တက်
ဘ၀ဂ်ရောက်ရောက်
ဦးနှောက်နဲ့ ဝေဖန်
ကိုယ့်လမ်းမှန်ကိုယ်အရောက်
ခရီးပေါက်ဖို့ ပဲ။

ရေးသားသူ။ ။မြသန်းလင်း
မြသန်းလင်း သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြပါသည်။

No comments:

Post a Comment