Wednesday, June 12, 2013

မျက်နှာသစ်ခြင်း


မနက်တိုင်း မျက်နှာသစ်
အလုပ်လုပ်ပြီးတိုင်း မျက်နှာသစ်
စားခါသောက်ခါနီးတိုင်း
လက်ဆေးရင်း မျက်နှာသစ်
သစ်သစ်နေပေမယ့်
တကယ်သစ်သလား။

တစ်နေ့ ထက်တစ်နေ့ 
ဟောင်းဟောင်းလာနေတဲ့ ဒီမျက်နှာ
ရေနဲ့ ဆေး ဆပ်ပြာနဲ့ ပွတ်ရုံလေးနဲ့ 
သစ်နိုင်မလား။

ဒါတွေဟာ အပေါ်ယံကိစ္စတွေ
အတွင်းက အနှစ်သာရတွေ သစ်မှသာ
ဒီမျက်နှာတွေ သစ်နိုင်မှာ
အနှစ်နဲ့ အကာ
ဘယ်ဟာကို အလေးထားရမလဲ၊
ဒီအဖြေကို
အားလုံးသိပြီးသား။ ။



ရေးသားသူ။ ။မြသန်းလင်း
မြသန်းလင် သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြပါသည်။

No comments:

Post a Comment