Tuesday, June 18, 2013
အတိုး အဆုတ်
ကမ္ဘာဦးက မရှိခဲ့တဲ့
သိပ္ပံပညာထွန်းကားမှု ရလဒ် အဖူးအပွင့်အသီး
ကောင်းကောင်းကြီး ခံစားနေကြ
မြို့ ပြကျေးလက်...။
ကမ္ဘာဦးက မရှိခဲ့တဲ့
ရောဂါကပ်ဆိုး အမျိုးမျိုး
ဂြိုလ်ဆိုးပမာ ကမ္ဘာပေါ်ဝင်ရောက်
ဦးနှောက်ခြောက်နေကြပြီ။
ကမ္ဘာဦးက မရှိခဲ့တဲ့
ယဉ်ကျေးမှုအနုပညာ
အသိအတတ်တွေဟာ
ကမ္ဘာမှာ တွင်ကျယ် နေရာယူခဲ့ပြီ။
ကမ္ဘာဦးက မရှိခဲ့တဲ့ ဗြဟ္မစိုရ်တရားပစ်ပယ်မှု
ကျင့်ဝတ်တရား လျော့ပါးမှု
မကောင်းမှု အစုစုတွေလည်း
တို့ ရင်ထဲပုန်းခို အကောင်းတွေလဲပြို
မလိုအပ်တာတွေ
ကမ္ဘာမြေကို စိုးမိုးကုန်ကြပြီ။
ရုပ်ပိုင်း စိတ်ပိုင်း
သမိုင်းဖြစ်ပေါ်မှုအစုစု
ပြုစုစစ်တမ်း ကိန်းဂဏန်းချင်းယှဉ်
ရှင်သန်မှု မှန်ကန်ပါစေသတည်း။
ရေးသားသူ။ ။မြသန်းလင်း
မြသန်းလင်း သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment