Sunday, June 23, 2013

အသည်းအသက်


တိုင်မပါရင် အိမ်တစ်လုံးမဖြစ်သလို
ကိုယ့်ဘ၀မှာလည်း မင်းမပါရင် မဖြစ်ဘူး။
ရေမရှိရင် ငါးကလေးတွေ မရှင်သန်နိုင်သလို
ကိုယ့်ဘ၀လည်း မင်းမရှိရင် မရှင်သန်နိုင်ဘူး။
သစ်ပင်မရှိရင်
တောတောင်လည်း မစိမ်းလန်းနိုင်သလို
ကိုယ့်ဘ၀လည်း မင်းမရှိရင် မစိုပြည်နိုင်ဘူး။
နေ၊ လ၊ ကြယ်၊ တာရာတို့ မရှိရင်
ကောင်းကင်ပြာကြီး မတင့်တယ်သလို

ကိုယ့်ဘ၀လည်း
မင်းမရှိရင် မတင့်တယ်နိုင်ဘူး။
ကျောက်သံပတ္တမြား(ရတနာ)ရှိတဲ့မြေဟာ
တန်ဖိုးပိုမြင့်သလို
မင်းရှိတဲ့ ကိုယ့်ဘ၀လည်း
ပိုပြီးပြည့်စုံနိုင်မှာပါကွယ်။

ရေးသားသူ။ ။မြသန်းလင်း
မြသန်းလင်း သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြပါသည်။

No comments:

Post a Comment