Sunday, June 23, 2013

တုံ့ လှယ်မှုများ


မိုးရေစက်ကလေးတွေကို
မိုးပန်းကလေးတွေက
ကျေးဇူးစကားဆိုတော့
မိုးစက်ကလေးတွေကလည်း
အလှအပနဲ့ ရနံ့ များပေးဝေကြတဲ့
မိုးပန်းကလေးတွေကို
ကျေးဇူးတင်ကြတယ်။

သစ်ပင်ကလေးတွေက
ကမ္ဘာမြေပြင်ကို ကျေးဇူးစကားဆိုတော့
ကမ္ဘာမြေပြင်ကလည်း
သစ်ပင်ကလေးတွေကြောင့်
သူ့ တစ်ကိုယ်လုံးအေးမြ
ငြိမ်းချမ်းနေရတာပါလို့ 
ကျေးဇူးစကားဆိုပြန်တယ်။
တုံ့ လှယ်ကျေးဇူး
အထူးသိကြ၊ ဤလောက၀ယ်
လှပစိုပြည်၊ စိမ်းလန်းဝေလျှက်
ဤမြေ၊ ဤရေ၊ လေ၊ နေ သင့်မျှ
ချမ်းမြကြည်သာ ရှိလိမ့်တကား။


 ရေးသားသူ။ ။မြသန်းလင်း
မြသန်းလင်း သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြပါသည်။

No comments:

Post a Comment