Friday, June 7, 2013

အချစ်ပင်


ခြံထောင့်က ပိတောက်ပင်ကြီးဟာ
တို့ စိုက်ခဲ့တာပေါ့။

ခေါင်းရင်းက သနပ်ခါးပန်းပင်လေးကိုလည်း
တို့ ပဲစိုက်ခဲ့တာလေ။

ဟို...........ရှေ့ ကယုဇနပင်လေးကိုလည်း
တို့ ပဲစိုက်ခဲ့တာလေ။

ဒီဘက်နားက စကားဝါ၊ စကားစိမ်းနဲ့ 
ခရေပင် လေးတွေကိုလည်း
တို့ ပဲစိုက်ခဲ့တာပါ။

ဟောဒီ.............တို့ ရင်ထဲက
အချစ်ပင်လေးကတော့
တို့ မစိုက်ဘဲ၊ ပေါင်းမသင် ရေမလောင်း
မြေထောင်မပေးဘဲ
ပေါက်ရောက်ရှင်သန်ခဲ့တာပါကွယ်။

ဒါပေမဲ့..............
အလေ့ကျပေါက်ခဲ့တာတော့
မဟုတ်ဘူးနော်။ ။

ရေးသားသူ။ ။မြသန်းလင်း
မြသန်းလင်း သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြပါသည်။

No comments:

Post a Comment