Sunday, June 23, 2013

တမ်းတတယ်မေ


လွမ်းမောတမ်းတ သောကရင်မှာ
နှစ်လွှာအသည်း ဆွေးမြေ့လောင်ကျွမ်း
ကျွမ်းပစေလေ ရင်ဝယ်နှစ်ခြိုက်
နှုတ်ဆိတ်လွမ်းမော သောကရက်ရှည်
တမ်းတတယ်မေ ။

ပူလောင်သောက လွမ်းတသသနဲ့ 
ဖွင့်ဟမပြော နွမ်းမောဆူးစိုက်
နှစ်ခြိုက်ကျေနပ် ရုန်းထွက်လွတ်မြောက်
မကြိုးစားချင် ။

တမ်းတခြင်းဟာ ရင်မှာမြတ်နိုး
သောကတောဝယ် ကြွေပစေလေ
အသည်းတွေလည်း…………
ကွယ် - - - - - တမ်းတတယ်မေ - - - - ။ ။
ခိုင်လင်း(မေဃ၀တီ)
မေ ၊ ၁၈ ၊ ၂၀၁၀

No comments:

Post a Comment