Sunday, June 23, 2013

မှိတ်တုတ်ကြယ်


အနီးက ကြယ်စင်လေးတွေ
ပျောက်ပျောက်သွားတာ
သတိထားမိတိုင်း
ရှေ့ ခရီးကို လှမ်းမြင်မိခဲ့။
လမင်းနဲ့ အတူ
ကြယ်ဖြူအများ
ပွင့်ဝေသွားခဲ့ကြတာ ညများစွာ
မေ့နိုင်စရာ မရှိခဲ့ပေမဲ့
မှိတ်တုတ်ကြယ် တစ်လုံးအဖို့ 
လက်တို့ နှုတ်ဆက်မဲ့သူတောင် မရှိခဲ့။

ဘာဘဲဖြစ်ဖြစ်
ကမ္ဘာမြေပြင်ပေါ်က
အလင်းဓါတ်တွေထဲမှာ
သူ့ အလင်းတစ်စက်
ဆင်းသက်နေသမျှ
ရှင်သန်ခဲ့ရတာ အဓိပ္ပါယ်ရှိမှာ
ခရီးဆက်မှုမှာ............
အားမာန်တို့ မခန်းခြောက်သေးပါ။ ။

ရေးသားသူ။ ။ မြသန်းလင်း
မြသန်းလင်း သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှ ကူးယူတင်ပြပါသည်။

No comments:

Post a Comment